ပြီးခဲ့သော ဇူလိုင်လ(၁၀)ရက်နေ့ ည(၁၀)နာရီအချိန်က တာချီလိတ်ရွှေတိဂုံဘုရားကုန်းတော်၏ ခြေရင်းရှိ ရေမြောင်းထဲတွင် (၁၀)ရက်ခန့်အကြာ အိပ်နေခဲ့ရသည့် အသက်(၁၀)နှစ်အရွယ် မမေသဇင် နှင့် အသက်(၆)နှစ်အရွယ် မောင်သတိုးစောတို့ မောင်နှမ နှစ်ဦးအား တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ခေါ်ယူ ထိန်းသိမ်းစောင့်ရှောက်ပြုစုပေးထားပြီးနောက် (၂၃)ရက်မြောက်ဖြစ်သည့် ယနေ့ သြဂုတ်လ(၂)ရက်နေ့ ညနေ(၄)နာရီအချိန်က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ၌ ရှိသော ဘ/ကကျောင်းတစ်ကျောင်းဖြစ်သည့် အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်သို့ သွားရောက် အပ်နှံခဲ့ကြကြောင်း သိရသည်။
ထိုသို့ အပ်နှံရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဇနီး၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသား၊ အသင်းသူများက အောင်မင်္ဂလာတောရ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာသဒ္ဓမ္ဓဇောတိကဓဇ ထံအပ်နှံရာတွင် ဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အဆိုပါအဖွဲ့မှ ကျောင်းတိုက်အတွင်းရှိ မိဘမဲ့ ကလေးသူငယ်များအား ကစားစရာ များ ပေးကမ်းလှူဒါန်းခဲ့ကြသည်။
အဆိုပါ ကလေးနှစ်ဦး၏ မိဘများတွင် မိခင်သည် လက်ရှိ၌ ကျန်းမာရေးချို့တဲ့နေပြီး (၃)နှစ်အရွယ် သမီးငယ်လေးတစ်ဦးလည်း ကျန်ရှိနေသေးကြောင်း သိရသည်။ ယခု ဖော်ပြပါ ကလေးငယ် နှစ်ဦးသည် မိဘများမှ ခေတ္တထားသွား၍ တာချီလိတ်ရွှေတိဂုံဘုရားကုန်းတော်၏ ခြေရင်းရှိ ရေမြောင်းထဲတွင် (၁၀)ရက်ခန့်အကြာ အိပ်နေရပြီး မိုးရွာသည့်အခါ ဘုရားကုန်းတော်ပေါ်မှာ တက်အိပ်ရကြောင်း သိရသည်။
ယခုလို ဘ/ကကျောင်းထံ အပ်နှံရာတွင် ၎င်းတို့၏ မိခင်ဖြစ်သူ ဒေါ်ဝါကိုယ်တိုင်မှ ကလေးများကို ဆက်လက်ကျွေးမွေးစောင့်ရှောက်ရန် မဖြစ်နိုင်တော့သည့်အတွက် မိဘမဲ့ဂေဟာတစ်ခုခုသို့ ပို့ပေးပါရန် ပြောလာသည့်အတွက် ယခုလို မဇ္ဈိမလူမှုညီရေးအသင်းမှ ကလေးနှစ်ဦး၏ အနာဂါတ်အား မျှော်မှန်းကာ အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်သို့ အပ်နှံခဲ့ကြတာဖြစ်ကြောင်း သိရသည်။
အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်၌ လက်ရှိတွင် မိဘမဲ့ကလေးသူငယ် (၈၄)ယောက်ရှိနေပြီး မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားနေသည့် ကျောင်းသားများလည်း ရှိသည့်အပြင် ကျောင်းတိုက်တွင် အဓိကအားဖြင့် မရှိနွမ်းပါး တိုင်းရင်းသား ကလေးသူငယ်များနှင့် မိဘမဲ့ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးနေသော ကျောင်းတိုက်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အပ်နှံရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဇနီး၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသား၊ အသင်းသူများက အောင်မင်္ဂလာတောရ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာသဒ္ဓမ္ဓဇောတိကဓဇ ထံအပ်နှံရာတွင် ဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အဆိုပါအဖွဲ့မှ ကျောင်းတိုက်အတွင်းရှိ မိဘမဲ့ ကလေးသူငယ်များအား ကစားစရာ များ ပေးကမ်းလှူဒါန်းခဲ့ကြသည်။
အဆိုပါ ကလေးနှစ်ဦး၏ မိဘများတွင် မိခင်သည် လက်ရှိ၌ ကျန်းမာရေးချို့တဲ့နေပြီး (၃)နှစ်အရွယ် သမီးငယ်လေးတစ်ဦးလည်း ကျန်ရှိနေသေးကြောင်း သိရသည်။ ယခု ဖော်ပြပါ ကလေးငယ် နှစ်ဦးသည် မိဘများမှ ခေတ္တထားသွား၍ တာချီလိတ်ရွှေတိဂုံဘုရားကုန်းတော်၏ ခြေရင်းရှိ ရေမြောင်းထဲတွင် (၁၀)ရက်ခန့်အကြာ အိပ်နေရပြီး မိုးရွာသည့်အခါ ဘုရားကုန်းတော်ပေါ်မှာ တက်အိပ်ရကြောင်း သိရသည်။
ယခုလို ဘ/ကကျောင်းထံ အပ်နှံရာတွင် ၎င်းတို့၏ မိခင်ဖြစ်သူ ဒေါ်ဝါကိုယ်တိုင်မှ ကလေးများကို ဆက်လက်ကျွေးမွေးစောင့်ရှောက်ရန် မဖြစ်နိုင်တော့သည့်အတွက် မိဘမဲ့ဂေဟာတစ်ခုခုသို့ ပို့ပေးပါရန် ပြောလာသည့်အတွက် ယခုလို မဇ္ဈိမလူမှုညီရေးအသင်းမှ ကလေးနှစ်ဦး၏ အနာဂါတ်အား မျှော်မှန်းကာ အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်သို့ အပ်နှံခဲ့ကြတာဖြစ်ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net