Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အာရှစီးပွားရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရှမ်း(အရှေ့)ရှိ ကုမ္ပဏီများ၏ အချက်အလက်များအား NSEC ၀ဘ်ဆိုက်တွင် အခမဲ့ ဖော်ပြပေးနိုင်ရန် စာရင်းပေးသွင်းနိုင်

$
0
0
2015 ASEAN Economic Community တွင် e-commerce platform အသွင် ပြောင်းလဲနိုင်ရန်အပြင် နောင်တစ်ချိန်တွင် e-commerce အသွင်ဖြစ်ပေါ်လာပါက စီးပွားကူးသန်းရောင်းဝယ်မှုများနှင့် ပတ်သက်၍ ချိတ်ဆက်မှုများပြုလုပ်ရန် ကုမ္ပဏီတစ်ခုခု၏ လုပ်ဆောင်ချက်များနှင့် အချက်အလက်များကို ဦးစွာ လေ့လာနိုင်ရန်အတွက် တောင်မြောက် စီးပွားရေး စင်္ကြန်လမ်းမ အမည်ရှိ North-South Economic Corridor ( NSEC ) အဖြစ် ထိုင်းနိုင်ငံမှ website လွှင့်တင်ထားရာ အဆိုပါ website အတွင်း၌ ထိုင်းနိုင်ငံမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများ၊ လာအိုနိုင်ငံမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများကို ထည့်သွင်းထားသလို မြန်မာနိုင်ငံ ရှမ်းရှေ့မှ မှတ်ပုံတင်ထားသော ကုမ္ပဏီများကိုလည်း ထည့်သွင်းပေးမည်ဖြစ်ရာ ရှမ်းအရှေ့ရှိ ကုမ္ပဏီများအနေဖြင့် ထည့်သွင်းဖော်ပြနိုင်ရန် မိမိတို့ ကုမ္ပဏီ၏ အချက်အလက်များကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းရှိ ကုန်သည်ကြီးများအသင်းရုံးတွင် လာရောက် စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး NSEC Website တွင် ဖော်ပြပေးမှုသည် ကုမ္ပဏီများအတွက် အခမဲ့ဖြစ်ကြောင်း သိရသည်။


အဆိုပါ website ( www.nsecbiz.com ) ကို ထိုင်းနိုင်ငံ MI (  MeKong Institute  )မှ   ထိုင်း - လာအို - တရုတ် ( R3A ) နှင့် ထိုင်း - မြန်မာ - တရုတ် ( R3B ) တောင်မြောက် စီးပွားရေး စင်္ကြန်လမ်းမ တစ်လျှောက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပညာရေး နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး လွှင့်တင်ထားတာဖြစ်ကြောင်း သိရသည်။

( R3A နှင့် R3B  စီးပွားရေးလမ်းကြောင်းပြ မြေပုံ )

R3B လမ်းကြောင်းဖြစ်သော တရုတ်(ကူမင်း) - မြန်မာ(မိုင်းလား - ကျိုင်းတုံ - တာချီလိတ်) - ထိုင်း( မယ်ဆိုင် - ချင်းမိုင် )လမ်းတစ်လျှောက် တပြေးညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဆိုပါ Website တွင် မြန်မာနိုင်ငံမှ စာရင်းပေးသွင်းထားသော ရှမ်းအရှေ့ရှိ ကုမ္ပဏီများအနေဖြင့် တာချီလိတ် - ကျိုင်းတုံ - တာချီလိတ် ဒေသမှ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ၊ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ ဟိုတယ်ခရီး လုပ်ငန်းရှင်များ နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းရှင်များမှ မိမိတို့၏ လုပ်ငန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပေးပို့လာပါက ဖော်ပြပေးသွားမှာဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ MI ( MeKong Institute )မှ  ပြုလုပ်ထားသော အဆိုပါ website ( www.nsecbiz.com ) ထဲတွင် တရုတ် - လာအို - ထိုင်း စသည့် နိုင်ငံများ၏ သတင်းအချက်အလက်များကို ၀င်ရောက် ကြည့်ရှုနိုင်ပြီး ၎င်းတို့၏ နိုင်ငံအလံတံဆိပ်များဖြင့်လည်း သတ်မှတ်ဖော်ပြထားတာကို တွေ့ရသည်။ ယင်းအပြင် အဆိုပါ website အတွင်း၌ တရုတ် - လာအို - ထိုင်း နည်းတူ မြန်မာနိုင်ငံအလံဖြင့် ဖော်ပြထားပြီး  ရှမ်းအရှေ့ဒေသရှိ ကုမ္ပဏီများ၏ သတင်းအချက်အလက်များကို စက်တင်ဘာလထဲတွင် ထည့်သွင်းဖော်ပြပေးသွားမှာဖြစ်ကြောင်း သိရသည်။


အထက် ဖော်ပြပါအတိုင်း စိတ်ဝင်စားပါက ရှမ်းအရှေ့ရှိ မှတ်ပုံတင်ကျထားပြီးသော ကုမ္ပဏီများအနေဖြင့် တာချီလိတ်မြို့ရှိ ကုန်သည်ကြီးများအသင်း(တာချီလိတ်)ရုံးသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရှိရသည်။

ကုန်သည်ကြီးများအသင်း(တာချီလိတ်)
ဝမ်ကောင်းရပ်ကွက်၊ မြို့နယ်ထွေ/အုပ်ရုံးဝင်း၊ ဘုရင့်နောင်ရင်ပြင်အနီး၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 084-53526 Fax: 084-53526
Email: cct.tachileik@gmail.com
ဖော်ပြပေးမည့်  website ( www.nsecbiz.com )
သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>