Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ နိဗ္ဗာန်ယာဉ် (၃၁)စီး ယာဉ်မှတ်ပုံတင်မှု ပြီးစီး

$
0
0
တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ လိုင်စင်မဲ့ ဆိုင်ကယ်များအား ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးခဲ့ပြီးနောက် ဇူလိုင်လ(၇)ရက်မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် နိဗ္ဗာန်ယာဉ်များကို ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ရာတွင် တာချီလိတ်ခရိုင်အတွင်း နိဗ္ဗာန်ယာဉ် အပါအ၀င် အစီးရေ စုစုပေါင်း (၁၂၈)စီးကို ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မော်တော်ကားများအား နိဗ္ဗာန်ယာဉ်အဖြစ် မှတ်ပုံတင်ခြင်းကို တာချီလိတ်ခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် အပါအ၀င် အချို့ ဘုန်းကြီးကျောင်းများမှ နိဗ္ဗာန်ယာဉ်မှတ်ပုံတင် ဆောင်ရွက်လာရာ စီမံချက်ကာလအတွင်းမှာ နိဗ္ဗာန်ယာဉ် စုစုပေါင်း အစီးရေ (၃၁)စီး ရှိခဲ့ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သတ်မှတ်ထားသော စီမံချက်ကာလတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် နိဗ္ဗာန်ယာဉ်များကို ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးရာ လျှပ်စစ်မော်တော်ဆိုင်ကယ် (၁) စီး နှင့် သုံးဘီဆိုင်ကယ် (၉၆)စီး စုစုပေါင်း အစီး(၉၇)စီးကို မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး နိဗ္ဗာန်ယာဉ်(၃၁)စီး အပါအ၀င် စုစုပေါင်း (၁၂၈)စီး ယာဉ်မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ကညန တွင် ဇူလိုင်လ(၇)ရက်မှ ဇူလိုင်လ(၃၁)ရက်နေ့ထိ ပြုလုပ်သော စီမံချက်ကာလအဖြစ် ယာဉ်များ မှတ်ပုံတင်ပေးရာတွင် နိဗ္ဗာန်ယာဉ်အပါအ၀င် ယာဉ်စုစုပေါင်း (၁၂၈)စီးအား ယာဉ်မှတ်ပုံတင်ပေးခဲ့ရာ အခွန်ငွေကောက်ခံမှုနှင့် ပတ်သက်၍ ကညန၊ အကောက်ခွန်၊ အာမခံ၊ နှင့် ဘဏ် စသည်တို့မှ စုစုပေါင်း ကောက်ခံရရှိငွေမှာ ကျပ်တစ်ရာကိုးဆယ့်ခုနှစ်သိန်း ရှစ်သောင်းရှစ်ထောင် သုံးရာနှစ်ဆယ့်ငါးကျပ် အခွန်ကောက်ခံရရှိကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>