တာချီလိတ်မြို့တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျှက်ရှိသည့်အနက် "၀"လူမျိုးများလည်း အပါအ၀င်ဖြစ်ရာ "၀"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ မှ ယနေ့ ဇူလိုင်လ(၂၉)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင်"၀"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၏ မြို့နယ်ပါတီစည်းရုံးရေးကော်မတီရုံးအား ဆိုင်းဘုတ်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် "၀"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၏ တာချီလိတ် မြို့နယ်ပါတီစည်းရုံးရေးကော်မတီရုံးအား "၀"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုဌာနချုပ်မှ ဒုတိယဥက္ကဌ(၁) ဦးဆမ်ဆောင်းကား က ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များအား "၀"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုဌာနချုပ်မှ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ဦးညီနပ် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်မှာ တာချီလိတ် မြို့နယ်ပါတီစည်းရုံးရေးကော်မတီ ဥက္ကဌ ဦးအိုက်ခွန်းက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
"၀"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ကျထားပြီးသော နိုင်ငံရေးပါတီ စုစုပေါင်း (၆၅)ပါတီထဲတွင် အပါအ၀င်ဖြစ်ပြီး "၀"အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၏ ဥက္ကဌမှာ ဦးညီပလုပ်ဖြစ်ပြီး ရုံးချုပ်အား ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ ဦးစ၀်စိုးလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net