မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အများပြည်သူများအနေဖြင့် တန်ဖိုးငွေ ကျပ်(၁၅၀၀)ဖြင့်သာ ၀ယ်ယူရရှိနိုင်ရန်အတွက် တန်ဖိုးနည်းဖုန်းကဒ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင် ရောင်းချပေးနေလျက်ရှိရာ ယနေ့ ဇူလိုင်လ(၂၉)ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဖုန်းကဒ်ပေါက်မဲနှိုက်မှု အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဖုန်းကဒ်မဲနှိုက်ရာတွင် တာချီလိတ်မြို့နယ်အတွက် ခွဲတမ်းရရှိသည့် GSM ဖုန်းကဒ် (၅၀၀)ကို ရောင်းချပေးနိုင်ရန် မဲနှိုက်ရာ ယခင်လမှ မပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာရှင် (၉၂၂၀)ဦး နှင့် ယခုလတွင် လာရောက်လျှောက်ထားသူ (၁၂၈)ဦး စုစုပေါင်း (၉၃၄၈)ဦးအတွက် မဲနှိုက်ခဲ့ကြခြင်းဖြစ်သည်။
ဖုန်းကဒ်မဲပေါက်သူများ အနေဖြင့် ဖုန်းကဒ်များကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထုတ်ပေးမည်ဖြစ်ရာ ဖုန်းကဒ်များကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် စတင်ထုတ်ပေးသွားမှာဖြစ်ပြီး ဖုန်းကဒ်ပေါက်မဲစာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများအပြင် တာချီလိတ်အွန်လိုင်းတွင်လည်း ကြော်ငြာပေးသွားမှာဖြစ်ပါသည်။

သတင်း။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net