Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် ပူးပေါင်းအဖွဲ့မှ ကျပ်သိန်းပေါင်း ၂၂၆၂၄သိန်း တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၀၄တုံး နှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

$
0
0
ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း ( ၂၂၆၂၄ ) သိန်း တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၄၀၄)တုံး အပါအ၀င် လက်နက်ခဲယမ်းများကို သယ်ဆောင်လာသူနှစ်ဦးနှင့်အတူ ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက် နံနက် (၁၀း၄၅)နာရီအချိန်ခန့်က စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု (၃၀)၊တာချီလိတ် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်းသတင်းရရှိသည်။



စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၏ အနီးကပ် ကြပ်မတ်ကွပ်ကဲမှုနှင့်အတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျှက်ရှိရာ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့မှ စတင်ပြီး တာချီလိတ်မြို့အတွင်းနှင့် မြို့ပတ်လည်အနီးတ၀ိုက်ရှိ မြို့အ၀င်အထွက် လမ်းများအပြင် တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် မိုင်းဖြတ်မြို့များရှိ မြို့အပြင်ဘက် ကျေးရွာများတွင် ပိတ်ဆို့ စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျှက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက် နံနက် (၁၀း၄၅)နာရီအချိန်ခန့်က စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ ဗိုလ်ကြီး ဇင်မင်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် မြင့်နိုင်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းရွှေ ဦးစီးသည့် အဖွဲ့ဝင်များ၊ စရဖ တပ်ကြပ် ၀င်းမောင် စသည့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်ခရိုင်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဆိတ်ခြံကုန်း အခြေစိုက်တပ်စခန်းအနီးတွင် ရှောင်တခင် ပိတ်ဆို့ ရှာဖွေစစ်ဆေးနေစဉ်မှာ ယခုလို ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိပုံမှာ မိုင်းဆတ်ခရိုင်၊ ပူနားကိုကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ အာဘီး မောင်းနှင်ပြီး အာဖာ စီးနင်းလိုက်ပါလာသည့် VIGO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရန် တားမြစ်ရပ်တန့်စေရာ အဆိုပါ ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးရာ ပန်ကော်ကျေးရွာ အနီးတွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ယာဉ်အတွင်း စစ်ဆေးရှာဖွေခဲ့ကြသည်။


ထိုသို့ စစ်ဆေးရှာဖွေရာတွင် ယာဉ်အတွင်းမှ အလေးချိန် (၁၄၁.၄)ကီလိုရှိပြီး ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၂၂၆၂၄)သိန်း တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၄၀၄)တုံးကို ရှာဖွေရရှိပြီး ဆက်လက်၍ ရှာဖွေရာ လက်နက်ခဲယမ်းများအဖြစ် M 22 သေနတ် (၂)လက်၊ ၎င်းကျည် (၂၁၇)တောင့်၊ ကျည်အိမ် (၈)ခု၊ M 16 (၂)လက်၊ ၎င်းကျည် (၂၅၆)တောင့်၊ ၎င်းကျည်အိမ်အရှည် (၁၂)ခု၊ အတို(၁)ခု၊ ၉မမ ပစ္စတို (၂)လက်၊ ၎င်းကျည်(၃၃)တောင့်၊ ကျည်အိမ် (၃)ခု၊ လက်ပစ်ဗုံး(၃)လုံး၊ စကားပြောစက် (၃)လုံး၊ လက်ကိုင်ဖုန်း(၃)လုံး အပါအ၀င် ထိုင်းဘတ်ငွေ (၃၁၀၀၀)ဘတ်တို့အား ရှာဖွေတွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား သယ်ဆောင်လာသူ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၀၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


ယခု ဖမ်းဆီးရရှိသည့် ဘိန်းဖြူများသည် ဇူလိုင်လထဲတွင် တန်ဖိုးအများဆုံးဖြစ်ကြောင်းနှင့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဝင်းထွန်း တို့၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုတို့အပြင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်တို့၏ တပ်ဖွဲ့စုမှူး ဒုရဲမှူး သန်းရွှေ၏ ကြီးကြပ်မှုနှင့်အတူ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မှုတို့ကြောင့် ဖမ်းဆီးရမိတာဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်၏  ရုံးဦးစီးမှူး ရဲအုပ် အောင်ကျော်စိုးက "ဒီ ဇူလိုင်လထဲမှာ ပူးပေါင်း ပိတ်ဆို့စီမံချက်အဖြစ် ဇူလိုင်လ(၁၄)ရက်ကနေ ဒီနေ့အထိ လုပ်ဆောင်လာတဲ့အထဲမှာ ပိတ်ဆို့မှု (၃)ကြိမ်လုပ်တဲ့အခါမှာ တာလေမှာ (၃)မှု၊ ပန်ကူမှာ(၁)မှု နဲ့ အခု ဖမ်းဆီးရမိတဲ့ အမှုရယ်ဆိုရင် (၃)ကြိမ်ပိတ်ဆို့တာ (၅)မှု အပြင် တာချီလိတ်မြို့တွင်းမှာ ဖမ်းဆီးရတဲ့ အမှု(၃)မှုအပါဆိုရင် စုစုပေါင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှု (၈)ကြိမ်ရှိပါပြီ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ပုံများကိုကြည့်ရန်
၂၂၆၂၄ သိန်း ရှိ ဘိန်းဖြူဘလောက်တုန်း ၄၀၄တုံး နှင့်လက်နက်ခဲယမ်းများ
21 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~~


~~~~~~~~~~ ကြော်ငြာ ~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>