Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ၌ Third Waveလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး

$
0
0
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် အဖြစ် စတင်အကောင်အထည်ဖော်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသအသီးသီးတို့တွင် ဆောင်ရွက်နေကြသည်နှင့်အညီ ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက် နံနက် (၈)နာရီအချိန်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ကျော်ထွန်း ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံကာ Third Wave လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


အဆိုပါ ညှိနှိုင်းဆွေးနွေးမှုတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)၊ ဒုတိယရဲမှူးကြီး ကျော်ထွန်းက Third Wave လုပ်ငန်းစဉ် နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြည်သူကို ဗဟိုပြုသည့် Third Wave လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးသွားခဲ့သည်။


ယင်းနောက် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ Third Wave လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အကြောင်းအရာများ၊ ယခုဆောင်ရွက်နေသည့် ဒီမိုကရေစီလုပ်ငန်းစဉ်တွင် Third Wave သည် အရေးကြီးကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသူများမှ ရဲတပ်ဖွဲ့လုပ်ငန်းနှင့် ဆက်စပ်နေသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ယခုကျင်းပပြုလုပ်သော Third Wave လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးမှု အခမ်းအနားသို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ကျော်ထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ယခုကဲ့သို့ပင် Third Wave လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး တာချီလိတ်၌ ပြီးခဲ့သော ဇူလိုင်လ(၁၅)ရက် နံနက်ပိုင်းက "ရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက်"အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီးကြောင်းလည်း သိရသည်။



Third Wave လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြီးခဲ့သော ဇွန်လ(၂၇)က နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သော အခမ်းအနားတွင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းက
 နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို (First Wave)အဖြစ် ညင်သာ ချောမွေ့စွာ ပြောင်းလဲနိုင်ခဲ့ပြီး ဒုတိယအဆင့်(Second Wave) အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲမှုစသည့် ပြုပြင်ပြောင်းလဲမှုတို့ကို မဟာဗျူဟာ လုပ်ငန်းစဉ်များအဖြစ်ချမှတ်ပြီး အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးကို ရေရှည်အခြေခံအုတ်မြစ် ခိုင်မာရေးအတွက် ချမှတ်ပေးရမယ့်အပိုင်းနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားဦးစားပေး လိုအပ်ချက်တွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ့် အပိုင်းတွေကို တတိယအဆင့်(Third Wave)အဖြစ် အရှိန်မြှင့်တင်ပြီး လုပ်ငန်းစဉ်(၅)ရပ်နဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း"မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း မှ ပြောကြားခဲ့သည်ကို ရဲဇာနည်မှတဆင့် သိရှိရသည်။
သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>