Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အနန္တစကြာဝဠာ တည်ရှိပုံ

$
0
0
ဘုရားရှင်ပွင့်တော်မမူခင် သာသနာပကာလ၌ လောဟိတဿအမည်ရှိ ရသေ့တစ်ပါးသည် လောက၏ အဆုံးကို ရောက်လိုသောဆန္ဒဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုဖြင့် မရနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာဖြစ်သော ဈာန်အဘိဥာဏ်တရားများကိုပွားများအားထုတ်၍ ၎င်း၏သပိတ်အတွင်း မုန်ညှင်း
စေ့အပြည့်ထည့်ကာ အင်မတန်လျှင်မြန်သော အဟုန်ဖြင့်စကြာဝဠာ တစ်ခုရောက်တိုင်း မုန်ညှင်းစေ့တစ်စေ့ ပစ်ချခဲ့ရာ သပိတ်ထဲမှမုန်ညှင်းစေ့များ ကုန်သွားသော်လည်းစကြာဝဠာအဆုံးကို မရောက်ခဲ့ပေ။
ဆောင်းပါးရှင်။   ။ ဇေယျာမင်း(ကေတု)

ဘုရားရှင်ပွင့်တော်မူပြီးသောအခါ ထိုရသေ့သည် ကမ္ဘာ၌နတ်သားလာဖြစ်၍ ဘုရားရှင်ထံ လောက၏ အဆုံးကိုရောက်နိုင်သောနည်းလမ်းကို မေးလျှောက်ရာ ဘုရားရှင်က လောက၏အဆုံးကို ဝိပဿနာပညာဖြင့် ရှုမှတ်မှသာ ရောက်နိုင်ကြောင်းဟောကြားခဲ့ပေသည်။

ထို့ကြောင့် မရေတွက်နိုင်သောစကြာဝဠာအနန္တရှိပေသည်။ ယခုခေတ် သိပ္ပံပညာရှင်များတိုင်းတာချက်အရ နေရောင်ခြည်သည်တစ်စက္ကန့်လျှင် မိုင်ပေါင်း (၁၈၀၀၀၀)လျင်မြန်သောနှုန်းရှိပေသည်။ ဂြိုလ်တု ဒုံးပျံတို့ ပျံသန်းနှုန်းသည် တစ်နာရီလျှင်(၁၈၀၀၀)မိုင်ရှိသည်။

နေရောင်ခြည် အလျှင်နှုန်းဖြင့် စကြာဝဠာတစ်ခုမှ တစ်ခုသို့ သွားမည်ဆိုပါက (၂)နှစ်ခန့်ကြာမည်ဖြစ်သည်။
စကြာဝဠာတစ်ခုတွင် နေတစ်လုံးရှိပြီး ၎င်းနေကို ကမ္ဘာဂြိုဟ်အပါအဝင် ဂြိုဟ်ကြီးကိုးလုံးက သူ့လမ်း
ကြောင်းနှင့်သူ လှည့်ပတ်လျက်ရှိသည်။

၎င်းနေမှ နေရောင်ခြည် အရောက်နိုင်ဆုံး နေရာထိကို စကြာဝဠာတစ်ခုဟု ဆိုလေသည်။ အနန္တစကြာဝဠာဆိုသည့် အတွက် နေအလုံးပေါင်း မရေတွက်နိုင်သော အနန္တနှင့် ကမ္ဘာပေါင်း အနန္တသတ္တဝါပေါင်း အနန္တရှိကြပေသည်။

နေကိုဗဟိုပြု၍ သူ့လမ်းကြာင်းနှင့်သူ လှည့်ပတ် နေသောဂြိုဟ်ကြီးကိုးလုံးတို့မှာ နီးရာမှဝေးရာအလိုက်....
  • (၁) ဗုဒ္ဓဟူးဂြိုဟ်.
  • (၂) သောကြာဂြိုဟ်..
  • (၃) ကမ္ဘာဂြိုဟ်...
  • (၄) အင်္ဂါဂြိုဟ်....
  • (၅) ကြာသာပတေးဂြိုဟ်...
  • (၆) စနေဂြိုဟ်....
  • (၇) ယူရေးနပ်ဂြိုဟ်..
  • (၈) နက်ပကျွန်းဂြိုဟ်...
  • (၉) ပလူတိုဂြိုဟ် စသည်တို့ဖြစ်ကြသည်။

ထိုဂြိုဟ်ကြီး ကိုးလုံးအပြင် အရန်ဂြိုဟ်(ဝါ)အရန်ကြယ် (၃၁)လုံးနှင့် အခြား ဂြိုဟ်မှုန်ဂြိုဟ်မွှားများခြံရံကာ နေစကြာဝဠာတစ်ခုကို တည်ဆောက်ထားကြောင်းတွေ့ရသည်။

လသည်ကမ္ဘာကြီးကို တစ်လလျှင်တစ်ပတ်ကျလှည့်နေသည်။ ဤကမ္ဘာကြီးကလည်း မိမိဝင်ရိုးမှာ
တစ်ရက်လျှင် တစ်ပတ်လည်ပြီး တစ်နှစ်ကြာသောအခါတွင် အပတ်ကြီးတစ်ပတ်ရအောင် နေကိုလှည့်၍
သွားနေရသည်။ နေသည်သူ့စကြာဝဠာတွင်အကြီးအမှူးအုပ်စုဘုရင်ဖြစ်သည်။

ဇေယျာမင်း(ကေတု)
မှတ်ချက်။  ။ ကျမ်းများမှကိုးကား၍တင်ပြခြင်းဖြစ်သည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>