Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကချင်ရွာ(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၇၇ ဦးအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျန်းမာရေးစစ်ဆေးပေးကာ အသိပညာပေး

$
0
0
ကျးရွာ/ရပ်ကွက်၊ မြို့ပေါ်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား မိုးရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် တုပ်ကွေးရောဂါများ၊ ၀မ်းရောဂါများ၊ ဖျားနာရောဂါများ နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှု အနေဖြင့်သော်လည်းကောင်း၊ ကွင်းဆင်း၍ ကျန်းမာရေးစစ်ဆေးမှုများကို လည်းကောင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆောင်ရွက်နေကြသလို ယနေ့ ဇူလိုင်လ(၂၃)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ဦးဆောင်၍ တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာ(မူလွန်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ကျန်းမာရေးစစ်ပေးခြင်း နှင့် ကျန်းမာရေးအသိပညာပေးခြင်းများအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



ထိုသို့ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ကျန်းမာရေးစစ်ပေးခြင်း နှင့် ကျန်းမာရေး အသိပညာပေးခြင်းများအဖြစ် ဆောင်ရွက်ရာတွင်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ခရိုင်ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ်ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့မှ ဦးဆောင်ကာ ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာ(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် စုစုပေါင်း (၃၇၇)ဦးအား ကျန်းမာရေးအသိပညာပေးမှုနှင့် ပတ်သက်၍ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်မှ ကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို အသိပေးပြောကြားသွားသည်။




ဆက်လက်၍ တာချီလိတ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်အိအိမွန် နှင့် အဖွဲ့၊ ပြည်သူ့ဆေးရုံမှ ဒေါက်တာ စိုးယုဝေ နှင့် သူနာပြုအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့် လိုအပ်သည့် ဆေးဝါးများ ပေးခြင်းအပြင် ကိုယ်လက်သန့်ရှင်းမှုကိစ္စများ၊ ခြင်ကိုက်ခဲမှုအကြောင်းအရာများ၊ တုပ်ကွေးရောဂါများအကြောင်း စသည့် ကျန်းမာရေးအသိပညာပေးများကိုလည်း ဟောပြောခဲ့ကြသည်။




ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၇၇)ဦးအား ကျန်းမာရေးကုသပေးခြင်း နှင့် အသိပညာပေးခြင်းအဖြစ် ဆောင်ရွက်ရာတွင် ၀မ်ကောင်းရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ရပ်ကွက်အဖွဲ့ဝင်များ၊ ကချင်ရွာ(မူလွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြဌေးနှင့် ဆရာမများမှ ပံ့ပိုးကူညီခဲ့ကြကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
ကျောင်းသား၊ ကျောင်းသူ ၃၇၇ ဦးအား ကျန်းမာရေးစစ်ဆေးပေးကာ အသိပညာပေး
44 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>