Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဘုရင့်နောင်ပုဂ္ဂလိကဈေးသစ် တာချီလိတ်၌ အောင်မြင်စွာ ဖွင့်လှစ်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ပေါ်တွင် ပုဂ္ဂလိကဈေးများနှင့် ရပ်ကွက်/မြို့မဈေး စသည်ဖြင့် ဈေးစုစုပေါင်း (၁၀)ခုမြောက်အဖြစ် ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၂)ရက် ညနေပိုင်းက တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၌ ဘုရင့်နောင်ပုဂ္ဂလိကဈေးသစ်အားဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ရာ ရှမ်းပြည်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်၍ ဖွင့်လှစ်ပေးသည်။


ဘုရင့်နောင်ပုဂ္ဂလိကဈေးသစ်အားဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဘုရင့်နောင်ပုဂ္ဂလိကဈေး ပိုင်ရှင် ဦးထွန်းနေဦး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ဈေးဆိုင်းဘုတ်အား စက်ခလုတ်နိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။


ဆက်လက်၍ ဘုရင့်နောင်ပုဂ္ဂလိကဈေးသစ်ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဘုရင့်နောင်ပုဂ္ဂလိကဈေးအား အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့် အထိမ်းအမှတ်အဖြစ် ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦးမှ ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းသည်။



ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦးမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီသို့ ကျပ်သိန်း(၅၀)တိတိကို လည်းကောင်း၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ် တပ်နယ်မိသားစု ပညာရေးငွေ ပဒေသာပင်အတွက် ကျပ်သိန်း (၃၀)တိတိကိုလည်းကောင်း၊ မြို့နယ်သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်း(၃၀)တိတိကို လည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်း (၃၀)တိတိကို လည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ အကြီးအကဲများမှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။



ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေး အတွင်းရေးမှူး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ဘုရင့်နောင်ဈေးသစ်ဖွင့်လှစ်ခွင့်လိုင်စင်အား ဘုရင့်နောင်ဈေးပိုင်ရှင်ဖြစ်သူ ဦးထွန်းနေဦးအား ပေးအပ်သည်။


ယခု ဖွင့်လှစ်လိုက်သော ဘုရင့်နောင် ပုဂ္ဂလိကဈေးသစ်ကြီးအား ၂၀၀၉ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ တည်ဆောက်မှုလုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း နှင့် အဆိုပါ ဈေး၏ အကျယ်အ၀န်းမှာ (၆)ဧက အကျယ်ရှိကြောင်း သိရသည်။


"ဈေးကတော့ ကျယ်လည်း ကျယ်တယ်၊ သန့်လည်း သန့်တယ်၊ ထင်းရေးမီးရေးဆိုလည်း စိုးရိမ်စရာမရှိတဲ့ အနေအထား၊ နောက်ပြီး စီမံထားပုံတွေက စနစ်ကျတယ်၊ နောက်ဆိုရင် အလွန်စည်ကားလာမဲ့ ဈေးပဲလို့ မြင်မိတယ်"ဟု ဈေးဖွင့်ပွဲသို့ တက်ရောက်လာသူ ဦးစိုင်းဝမ်းမှ တာချီလိတ်အွန်လိုင်းသို့ ၎င်း၏ အမြင်ကို ပြောလာသည်။

အဆိုပါဈေးအတွင်း၌ သတ်မှတ်အကျယ်အ၀န်းများအလိုက် လူနေဆိုင်ခန်း စုစုပေါင်း (၉၃)ခန်း နှင့် သတ်မှတ်အကျယ်အ၀န်းများအလိုက် လူမနေဆိုင်ခန်း (၈၇)ခန်း အပြင် ပျံကျဈေးရုံတွင် (၆x၁၀)ပေ အကျယ်အ၀န်းရှိသည့် ဈေးခုံပေါင်း (၃၆၀)ခုံ နှင့် ပျံကျစားသောက်ဆိုင်ကွက်(၁၀)ကွက် သတ်မှတ်ထားရှိပြီး နေ့စဉ် ယာဉ်ရပ်နားရန် ကားအတွက် (၁၅၆x၇၂)ပေ အကျယ်အ၀န်းရှိ နေရာတွင် ကားအစီး (၆၀)ခန့် ရပ်နားနိုင်ရန် ပြုလုပ်ပေးထားပြီး ဆိုင်ကယ်အစီး(၅၀၀)ခန့် ရပ်နား၍ရရန်နေရာတို့ကိုလည်း သတ်မှတ်ထားရှိကြောင်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>