Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်များတွင် တာချီလိတ်ခရိုင်အတွင်း (၂)နေရာပါဝင်

$
0
0
၂၀၁၄ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့မဲဆန္ဒဖြင့် ရွေးချယ်တင်မြောက်မည့် လစ်လပ်မဲဆန္ဒနယ် (၃၃)နေရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာအတွက် (၆)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် (၁၃)ဦး နှင့် ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားလှယ် နေရာအတွက် (၁၄)ဦး စုစုပေါင်း ကိုယ်စားလှယ် (၃၃)ဦးအတွက် ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းဖြစ်သည့် ဒီဇင်ဘာလထဲတွင် ကျင်းပမှာ ဖြစ်ကြောင်း  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ  ပြည်သူ့လွှတ်တော်တွင် ဖြေကြားချက်အရ သိရသည်။


၂၀၁၄ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်တွင် လစ်လပ်နေရာ (၄)နေရာရှိရာ မြို့နယ်များအနေဖြင့် တာချီလိတ်မြို့နယ် အပါအ၀င် တန့်ယန်းမြို့နယ်၊ မိုင်းယောင်းမြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့ဖြစ်ပြီး တာချီလိတ်ခရိုင်တွင် လစ်လပ်နေရာ (၂)နေရာ ရှိရာ အဆိုပါနေရာ (၂)နေရာသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဖြစ်ကြောင်း သိရသည်။


"တာချီလိတ် မဲဆန္ဒနယ်(၂)  နေရာက ၂၀၁၀တုန်းက ဦးတူးမောင် ၀င်ပြိုင်ခဲ့တဲ့ နေရာပါ အခု အဲ့ဒီနေရာ လစ်လပ်သွားတော့ ပါတီတွေ ၀င်ရောက် ရွေးချယ်ခံရာမှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ၀င်ရောက် အရွေးချယ်ခံမှာဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်တင့်မှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


တာချီလိတ်မြို့တွင် ၂၀၁၀ ရွေးကောက်ပွဲ၏ ရလဒ်အဖြစ် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စသည်ဖြင့် ရွေးချယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>