Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်သည့် ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်း)မှ မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေများပေးအပ်

$
0
0
၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ထဲရှိ မြန်မာရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက်မှာ ကျောက်ကြီးစီထားသော မြေထိန်းနံရံသည် နေအိမ်အခန်းငှားပေါ်ကို ပြိုကျလာပြီးနောက် ကလေး (၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာ ရရှိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ဒဏ်ရာ ရရှိသူ လူနာ(၄)ဦးကို ဆေးဝါးကုသရန်အတွက် ကူညီထောက်ပံ့မှုများအဖြစ် ဒေသဆိုင်ရာအကြီးအကဲများ နှင့် လူမှုရေးအသင်းအဖွဲ့များက ပေးအပ်လှူဒါန်းလျက်ရှိတာကို တွေ့ရှိရသည်။


ယနေ့ ဇူလိုင်လ(၁၈)ရက် မွန်းလွဲ(၁)နာရီအချိန်က ပြည်သူ့ဆေးရုံတွင် အဆိုပါကိစ္စဖြင့် ဆေးဝါးကုသမှု ခံယူနေသူ မိသားစု(၂)စုဖြစ်သည့် လူနာ(၄)ဦးအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် ရွှေတာချီခရီးသွားလုပ်ငန်း ဒုတိယဥက္ကဌ ဦးဘိုစံ နှင့် ဂိတ်မှူးများအပြင် အလှူရှင်များမှ သွားရောက်၍ လှူဒါန်း ထောက်ပံ့ကြသည်။


ထိုသို့ လှူဒါန်းရာတွင် တာချီလိတ်၌ အထူးသဖြင့် မော်တော်ဆိုင်ကယ်များဖြင့် ခရီးသည်များအား သယ်ယူပို့ဆောင်ပေးနေလျှက်ရှိသော ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်း)မှ အသင်းသားများ၏ စုပေါင်းလှူဒါန်းငွေဖြစ်သည့် ထိုင်းဘတ်ငွေ (၃၂၀၅၀)ဘတ်တိတိကို အဆိုပါ ဆေးကုသခံသူ (၄)ဦးအား လှူဒါန်းရာ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း တို့မှ ဦးဆောင်လှူဒါန်းရာ ရွှေတာချီခရီးသွားလုပ်ငန်း (လူမှုကူညီရေးအသင်း)မှ အသင်းသားများပါဝင်၍ မိသားစု တစ်စုလျှင် ထိုင်းဘတ်ငွေ (၁၆၀၂၅)ဘတ် နှုန်းဖြင့် မိသားစု နှစ်စုဖြစ်သည့် အဆိုပါ (၄)ဦးအား လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြသည်။



တဆက်တည်းမှာပင် အဆိုပါ လေးဦးတွင် အိမ်ထောင်သည် နှစ်တွဲပါဝင်ရာ အမျိုးသမီး နှစ်ဦးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ထမီ။ အင်္ကျီ နှင့် ထီးတို့ကို ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ တာလော့ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်သူ ဒေါ်နန်းလာမှ မိသားစု တစ်စုလျှင် ထိုင်းဘတ်ငွေ (၁၀၀၀)ဘတ်အဖြစ် စုစုပေါင်း ထိုင်းဘတ်ငွေ (၂၀၀၀)ဘတ်ကို လှူဒါန်းသည်။ ယင်းနောက် ပြည်ခိုင်ဖြိုးပါတီမှ ထိုင်းဘတ်ငွေ (၁၅၀၀)တန်ဖိုးရှိ မုန့်။ နို့ဆီ နှင့် ကော်ဖီ အစရှိသည့် စားသောက်ဖွယ်ရာများကိုလည်း အဆိုပါ လူနာ(၄)ဦးဖြစ်သည့် မိသားစု (၂)စုအား ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။


တဆက်တည်းမှာပင် တာချီလိတ်အွန်လိုင်းသတင်းဌာနအနေဖြင့် အွန်လိုင်းရုပ်သံမီဒီယာအခန်း တည်ဆောက်ရာတွင် ပါဝင်ကူညီသည့်အနေဖြင့် ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်း)မှ အသင်းသားများက စုပေါင်း၍ ထိုင်းဘတ်ငွေ (၁၅၀၀)တိတိကိုလည်း ပေးအပ်ကူညီလာရာ တာချီလိတ်အွန်လိုင်း သတင်းထောက် ကိုလင်းလင်းမှ ၀မ်းမြောက်စွာ  လက်ခံရယူခဲ့ကြသည်။


မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးဝါကုသမှုခံယူနေသူ အဆိုပါ (၄)ဦးအား ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက် ညနေ(၅)နာရီအချိန်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်အရ စစ်ဗျူဟာမှူးကြီး နှင့်အဖွဲ့မှ ထာက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ထိုင်းဘတ်ငွေ (၂၀၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နှင့် ဇူလိုင်လ(၁၄)ရက်နေ့ကလည်း စစ်ဗျူဟာမှူးကြီး ပါဝင်သည့် တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ထိုင်းဘတ်ငွေ (၈၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ဇူလိုင်လ(၁၅)ရက် အစောပိုင်းတွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးကိုယ်စား စစ်ဗျူဟာမှူးကြီးနှင့်အဖွဲ့မှ လူနေမှု အသုံးအဆောင်ပစ္စည်းများဖြစ်သည့် စောင်၊ အိပ်ရာထိုင်ခင်း စသည့် ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်လှူဒါန်းသည့်အပြင် ဇူလိုင်လ(၁၅)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှလည်း  ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>