ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၇)နှစ်မြောက် အာဇာနည်နေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်းအား အလေးထားဂုဏ်ပြုသည့်အနေဖြင့် တာချီလိတ်မြို့တွင် တစ်ကြိမ်တစ်ခါမျှ ကျင်းပပြုလုပ်ခဲ့ဖူးခြင်း မရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းရွတ်ပြိုင်ပွဲကို ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၈)ရက် ည(၇)နာရီ အချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် မူလတန်းအဆင့် ကျောင်းသားလေးများဖြင့် ကျင်းပပြုလုပ်ရာ အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား (၁၁)ဦးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
( ပထမဆု ရရှိသည့် ကျောင်းသား )
အဆိုပါ ပြိုင်ပွဲတွင် အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၊ ရန်အောင်မြေ(မူလွန်)၊ တာလော့(မူလွန်)၊ အ.လ.က(ပုန်းထွန်) နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း စသည့်တို့ မှ ကျောင်းသား(၁၁)ဦး ၀င်ပြိုင်ကြရာ အ.ထ.က(ဟောင်လိတ်) ကိုယ်စားပြု ကျောင်းသားလေး မောင်အောင်မျိုးဦးမှ ပထမဆု ရရှိသွားခဲ့သည်။
ပြိုင်ပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဇနီး အပါအ၀င် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများအပြင် ဗိုလ်ချုပ်မိန့်ခွန်းများကို စိတ်ပါဝင်စားသည့် ပရိသတ်များမှ တက်ရောက်၍ အားပေးခဲ့ကြသည်။
ပြိုင်ပွဲ၏တွင် အသီးသီးဆုရရှိသည့် ကျောင်းသားများကို ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့ အခမ်းအနားတွင် တဆက်တည်းပေးအပ်ချီးမြှင့်မှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net