မြန်မာနိုင်ငံတွင် မြို့နယ်ခွဲဘဏ်ခွဲများ နှင့် အသေးစားဘဏ်ခွဲ စုစုပေါင်း (၅၀)ခန့် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်မှ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချူပ်လမ်းတွင် တာချီလိတ်ဘဏ်ခွဲအဖြစ် ဖွင့်လှစ်လိုက်ပြီး ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၈)ရက် နံနက်(၉း၃၀)နာရီအချိန်က စည်ကားသိုက်မြိုက်စွာဖြင့် ဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်(အခြေချ) စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ဥက္ကဌ ဦးသန်းရီ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖဲကြိုးဖြတ်အခမ်းအနားပြီးသည့်နောက်မှာ တက်ရောက်လာသည့် ဧည့်သည်တော်များက ဘဏ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် ငွေစုစာအုပ်ဖွင့်လှစ်ခြင်း နှင့် သိလိုသည်များကို မေးမြန်းခြင်းများ ပြုလုပ်ကြတာကို တွေ့ရှိရသည်။
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ယခုဖွင့်လှစ်လိုက်သည့် AGD Bank အပါအ၀င် အခြားဘဏ်ခွဲများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ KBZ Bank (1)၊ KBZ Bank (2)၊ ဧရာဝတီဘဏ်၊ CB Bank နှင့် မြ၀တီဘဏ် စုစုပေါင်း ဘဏ်ခွဲ (၇)ခု ရှိကြောင်း သိရှိရသည်။

သတင်း။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်20 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net