Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ဒုတိယအကြိမ်မြောက်အဖြစ် ဥသြဆွဲကာ အာဇာနည်နေ့ အခမ်းအနားအား ကျင်းပနိုင်ခဲ့

$
0
0
ယနေ့ ဇူလိုင်(၁၉)တွင် ကျရောက်သော (၆၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားအား တာချီလိတ်မြို့၌ ဒုတိယအကြိမ်မြောက်အဖြစ် အောင်မြတ်ခန်းမတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ဖြင့် ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာဖြင့်  ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် (၉)ဦးအား  ဥသြဆွဲကာ အလေးပြုခဲ့ကြသည်။



( ဥသြဆွဲအလေးပြု ရုပ်သံ )

အဆိုပါ အခမ်းအနားမစတင်မီ နံနက်(၆)နာရီအချိန်တွင် အောင်မြတ်ခန်းမအပေါ်ထပ်၌ တာချီလိတ်မြို့ပေါ်မှ သံဃာတော်အရှင်သူမြတ် (၉)ပါးအား ပင့်ဖိတ်ကာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် (၉)ဦးအား ရည်စူး၍ ဆွမ်း၊ သင်္ကန်း နှင့် လှူဘွယ်ပစ္စည်းအစုစုတို့ကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်တို့မှ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချတရားတော် နာယူ၍ အမျှပေးဝေခဲ့ကြသည်။



ဥသြဆွဲအခမ်းအနား ကျင်းပမည့် နံနက်(၁၀း၂၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ အာဇာနည်နေ့အကြောင်းကို အကျဉ်းချုံ့၍ ရှင်းလင်းပြောကြားသွားပြီး အလေးပြုခြင်း အခမ်းအနားအား ဆက်လက်ကျင်းပရာတွင် ဥသြဆွဲ၍ အလေးပြုခဲ့ကြသည်။




ယင်းနောက် (၆၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီးသော မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး နှင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြော ပြိုင်ပွဲ စသည့် ပြိုင်ပွဲ အသီးသီးတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်၊ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီဝင် ဦးဘိုစံ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၏ ဗဟိုအလုပ်အမှုဆောင် ရှမ်းအရှေ့ပိုင်းတာဝန်ခံ ဒေါ်နန်းငွေမြ အပါအ၀င် ဟိန်းထက်အောင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးထွန်းနေဦး၊ အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင် ဦးတင့်ဆွေ နှင့် ဦးစည်သူမောင် တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။



(၆၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့တွင် တစ်ကြိမ်တစ်ခါမျှ ကျင်းပပြုလုပ်ခဲ့ဖူးခြင်း မရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းရွတ်ပြိုင်ပွဲကို  ဇူလိုင်လ(၁၈)ရက် ည(၇)နာရီ အချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် မူလတန်းအဆင့် ကျောင်းသားလေးများဖြင့် ကျင်းပပြုလုပ်ရာ အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား (၁၁)ဦးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းလည်း သိရသည်။


ယနေ့ကျင်းပပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားသည် မည်သည့်ဌာန၊ မည်သည့်ပါတီများ၏ ကျောထောက်နောက်ခံပြု၍ ကျင်းပခြင်းမဟုတ်ပဲ တာချီလိတ်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းအား ချစ်မြတ်နိုးသူများမှ  ယခုလို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကာ ကျင်းပပြုလုပ်တာဖြစ်ကြောင်း သိရှိရပြီး ယခုလို မြို့နယ်လုံးကျွတ်ပူးပေါင်း ပါဝင်ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသည် တာချီလိတ်မြို့၏ ဒုတိယအကြိမ်မြောက် အခမ်းအနားဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
79 photos

72 photos

44 photos

86 photos

89 photos

50 photos


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


TTA Oreo Gapp Installer


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လူတိုင်းသိသင့်နေပြီဖြစ်တဲ့ ငွေစက္ကူ ၁ သောင်းတန် နှင့် ၅ ထောင်တန် အတု၊...


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>