Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ခိုးမှုကျူးလွန်သူအား ဖမ်းဆီးရရှိ

$
0
0
ထိုင်း - မြန်မာနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ရွှေနဂါး(၈၈)၀န်းထဲတွင် ပစ္စည်းပျောက်ပျက်မှုများ၊ ခိုးခံရမှုများ မကြာခဏ ဖြစ်ပွားနေကြောင်းကို တာချီလိတ်မြို့နယ်ရဲစခန်းသို့ အသိပေးအကြောင်းကြားလာရာမှ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၇)ရက် နေ့လည်(၃)နာရီအချိန်က သူခိုးဟု ယူဆရသူအား ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ရန်အောင်မြေရပ်ကွက်ရှိ ရွှေနဂါး(၈၈)၀န်းထဲတွင် ပစ္စည်းပျောက်ပျက်မှုများ၊ ခိုးခံရမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် အဆိုပါ ၀န်းထဲ၌ ခိုးဆိုးနှိက် ကျူးလွန်တတ်သူ (၁)ဦးရှိကြောင်း သတင်းရရှိထားသည်နှင့်အညီ နယ်ထိန်း တပ်ကြပ်ကြီး အောင်စိုးမိုး နှင့် တပ်ကြပ်ကြီး စိုးမင်းမင်းတို့မှ သွားရောက်၍ စစ်ဆေးရှာဖွေရာ သူခိုးဟု ယူဆရသော ဇော်ထွေးအား မေးမြန်းစစ်ဆေးပြီး ၎င်း၏ အိပ်ခန်း အိပ်ယာ အတွင်းသို့ ရှာဖွေရာ ထိုင်းဘတ်ငွေ ရောရာစုစုပေါင်း (၁၅၄၀၀)ဘတ်အား တွေ့ရှိရာ အဆိုပါ ငွေကြေးများအား မည်သည့်နေရာက ရရှိကြောင်း မေးမြန်းရာမှာ တစ်စုံတစ်ရာပြောဆို ပြသနိုင်ခြင်းမရှိသည့်အတွက် ၎င်းအား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>