Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ လောင်းကစားခြင်း၊ KTV၊ အနှိပ်ခန်းများကိစ္စ လွှတ်တော်တွင် မေးမြန်း

$
0
0
ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက နိုင်ငံတော်၏ ဒေသအချို့တွင် ကျူးလွန်နေကြသော မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ လောင်းကစားခြင်း၊ KTV၊ အနှိပ်ခန်းများ နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

( ဓါတ်ပုံ။  ။ ပြည်သူ့လွှတ်တော် )

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က မြို့နယ်အလိုက် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ခြင်းများ၊ လောင်းကစားမှုများ၊ တရားမဝင် အနှိပ်ခန်းများ၊ စည်းကမ်းနှင့် မညီညွတ်သော ကာရာအိုကေဆိုင်များ မရှိစေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး
အဖွဲ့အစည်းများက သတင်းလက်ဦးမှု ရရှိရေးဆောင် ရွက်လျက်ရှိပြီး ဥပဒေစည်းမျဉ်း၊ စည်းကမ်းအရ အရေးယူကြပ်မတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးရယူပြီး ဖမ်းဆီး အရေးယူခြင်း မရှိဘဲ ပြုလုပ်နေကြောင်း တိကျခိုင်လုံသော အထောက်အထားများဖြင့် တိုင်ကြား၍ စစ်ဆေးပေါ်ပေါက်ပါက ပါဝင် ပတ်သက်သော ဝန်ထမ်းများကို ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူများကပါ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)မှ ယင်းအမှုများနှင့် ပါတ်သက်၍ ဖမ်းဆီးအရေးယူရာတွင် ကိုယ်စားလှယ်များက တင်ပြ၍ ဖမ်းရပါသည်ဆိုသော အပြုအမူအပြောအဆိုများကို အောက်ခြေအဖွဲ့အစည်းများက ဆောင်ရွက်နေသည်ကို သိရှိခြင်းရှိ/မရှိနှင့် သတင်းပေးပို့ တိုင်ကြား သူများအတွက် မည်သို့ ကာကွယ်မှုမျိုးပေး ထားသည်ဆို သည်ကိုသိရှိလိုကြောင်း ထပ်ဆင့်မေးခွန်း မေးမြန်းရာ ပြည်ထဲရေးဝန်ကြီး ဌာနမှ ဒု-ဝန်ကြီးက ထိုကဲ့သို့ကိစ္စမျိုးပေါ်ပေါက်လာပါက မိမိတို့ အနေဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် သတင်းပေးမှုအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

မှတ်ချက်။  ။ Pyithu Hluttaw - ပြည်သူ့လွှတ်တော်၏ facebook တွင် ဖော်ပြထားသော သတင်းအား အများသိရှိနိုင်ရန်အတွက် မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>