Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကမ္ဘာ့သစ်ပင်များနေ့ အဖြစ် တာချီလိတ်၌ သစ်ပင် ၁၀မျိုးပါဝင်သည့် အပင်ပေါင်း ၃၀၀ စိုက်ပျိုး

$
0
0
ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၇)ရက်နေ့၌ ကျရောက်သော ကမ္ဘာ့သစ်ပင်များနေ့တွင် တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၀န်းထဲတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီး၍ သစ်ပင် (၁၀)မျိုးပါဝင်သည့် အပင်ပေါင်း (၃၀၀)တိတိကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။







အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊  မြို့နယ် သစ်တောဦးစီးအရာရှိ ဦးထွန်းတင် နှင့် သစ်တောဝန်ထမ်းများ၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် တို့ပါဝင်သည့် အဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့များ၊ အ.ထ.က(ဟောင်လိတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေး နှင့် ဆရာ၊ ဆရာမများအပါအ၀င် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့များ စုံလင်စွာဖြင့် တက်ရောက်၍ သစ်ပင်များအား စိုက်ပျိုးခဲ့ကြသည်။






ယနေ့ ကျရောက်သော ကမ္ဘာ့သစ်ပင်များနေ့တွင် စိုက်ပျိုးသည့် သစ်ပင်များမှာ ခရေပင်၊ အော်ရီးရှားပင်၊ ပနားမားငုပင်၊ ချယ်ရီပင်၊ ကျွန်းပင်၊ ကဗွီးပင်၊ စိန်ပန်းပြာပင်၊ ငုရွှေဝါပင်၊ မဟောဂနီပင် နှင့် ကံ့ကော်ပင် စုစုပေါင်း (၁၀)မျိုးကို စိုက်ပျိုးရာ အဆိုပါ သစ်ပင်မျိုးစုံ (၁၀)မျိုး၏ အပင်အရေအတွက်မှာ စုစုပေါင်း အပင်(၃၀၀)ရှိကြောင်း သိရသည်။





တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ယခုလထဲတွင် ကျရောက်ခဲ့ပြီးသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်လည်း  မူလွန်(တာလော့)ကျောင်းတွင် သစ်ပင်(၉)မျိုးပါဝင်သည့် အပင်ပေါင်း (၄၀၀)ကို စိုက်ပျိုးခဲ့ပြီးကြောင်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
ကမ္ဘာ့သစ်ပင်များနေ့ အဖြစ် တာချီလိတ်၌ သစ်ပင် ၃၀၀ စိုက်ပျိုး
42 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>