တာချီလိတ်မြို့နယ် အထက-တာချီလိတ်တွင်ပညာရေးဝန်ကြီးဌာန ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ရေးအစီအစဉ် မြို့နယ်အဆင့်လုပ်ငန်းဆွေးနွေးပွဲဖွင့်ပွဲကို ၂၀၁၄ခုနှစ် ဇွန်လ(၂၆)ရက် နံနက်ပိုင်း (၈) နာရီခွဲတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့် ထက်လယ်မူကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ပါသည်။
အဆိုပါလုပ်ငန်းဆွေးနွေးပွဲကို (၂၆.၆.၁၄)မှ(၂၈.၆.၁၄) ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှ၊ ဒုမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးတင့်၊ ရုံးအုပ်ကြီးဦးမင်းသော်က တို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ကမ္ဘာ့ဘဏ်မှ ထက်၊လယ်၊မူကျောင်းများသို့ မကြာမီထောက်ပံ့ကြေးများအားကူညီသွားရာတွင် စနစ်တကျသုံးစွဲနိုင်ရေးနှင့် မိဘများထံမှ ကောက်ခံငွေလျှော့ချနိုင်ရေးအတွက် ရည်ရွယ်ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအကူအညီများကို ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်
အထိထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ပွင့်လင်းမြင်သာစွာဖြင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးကို ရပ်ရွာဒေသနှင့်ပူးပေါင်း၍ ကျောင်းအုပ်ကြီးများအား စနစ်တကျ ဆောင်ရွက်သွားနိုင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ။ မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net