Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

$
0
0

၂၀၁၄ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ယနေ့ မေလ(၂၉)ရက် မွန်းလွဲပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ မူး/စိတ်/တား အဖွဲ့မှ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။


အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ မှ အဖွင့်အမှာ စကားပြောကြားပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်က ဇွန်လ(၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားကို အောင်မြင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီဖွဲ့စည်းမှုများအခြေအနေများကို ရှင်းလင်းတင်ပြသည်။



အဆိုပါ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် (၁၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ကွန်ပျူတာပိုစတာ နှင့် စာစီစာကုံးပြိုင်ပွဲ စသည့် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်နိုင်ရန်အတွက် အဓိက ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း သိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>