Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး တာချီလိတ်၌ သင်တန်းပေး

$
0
0
ကြိုတင်သိရှိနိုင်ခြင်းမရှိသော သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့လာသည်ဖြစ်စေ  ဖြစ်ပေါ်လာသည်ဖြစ်စေ ကြောက်ရွံ့စိတ်ဖြင့် စိတ်ဆန္ဒအလျင်မလိုစေမိရန်နှင့် ကာကွယ်မှုများ ပြုလုပ်ရန်အပြင် အရေးပေါ် ကယ်ဆယ်ရေးများကို လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၉)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး သင်တန်းကို ပို့ချရာ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက် လေ့လာ သင်ယူကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော သဘာဝဘေး ဒုက္ခများကို ကယ်ဆယ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း သင်ကြားပို့ချပေးသည်။


ဆက်လက်၍ တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးကျော်ကိုကိုမှ မီးဘေးနှင့်ကြိုတင်ကာကွယ်ရေး အကြောင်းအရာများအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရှင်းလင်း သင်ကြားပို့ချပေးသည်။


"အခုသင်ကြားပို့ချပေးတာဟာ တာချီလိတ်မြို့အနေနဲ့ ပထမဆုံးအကြိမ်ပါ၊ တာလေမြို့နယ်ခွဲဘက်လည်း သွားရောက်ပြီး သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဟောပြောဖို့ ရှိပါတယ်"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


အဆိုပါ သင်တန်းကို မေလ(၂၉)ရက်မှ မေလ(၃၀)ရက်နေ့ထိ နှစ်ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ရာ သင်တန်းတွင် အဓိကအားဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ကိစ္စရပ်များနှင့် ကြိုတင်ကာကွယ်မှုများ အပြင် ကယ်ဆယ်ရေးလုပ်ငန်းများ စသည့်တို့ကို သင်ကြားပို့ချပေးရာ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာမှ ကိုယ်စားလှယ်များနှင့် ပညာရေးဌာနမှ ဆရာ/မများ တက်ရောက်၍ လေ့လာသင်ယူကြတာကို တွေ့ရှိရသည်။
သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ လင်းလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles