Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ပေါ်ရှိ သုဿန် ၅ခုအား ဘာသာပေါင်းစုံ သုဿန် နေရာသစ်သို့ ရွှေ့ပြောင်းရန် ညှိနှိုင်းဆွေးနွေး

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်သည် တဖြေးဖြေးနှင့် အိုးအိမ်များ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုများပြားလာသည်နှင့်အမျှ မြို့ပေါ် သုဿန်(၅)ခုသည်လည်း မြို့တွင်းသို့ လုံးလုံးလျားလျား နေရာယူထားသလို ဖြစ်နေသည့်အတွက် ယခုအခါမှာ အဆိုပါ သုဿန်များကို မြို့စွန်သို့ ရွှေ့ပြောင်းရန်  မြို့မသုဿန်၊ ခရစ်ယာန်ဘာသာသုဿန်၊ အစ္စလာမ်(မွတ်စလင်)ဘာသာသုဿန်၊ တရုတ်သုဿန် နှင့် ရှမ်းသုဿန်တို့၏ တာဝန်ရှိသူများနှင့် ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးရုံး၏ အစည်းအဝေးခန်းမမှာ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှု တစ်ရပ်အဖြစ် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရာမှာ ဘာသာပေါင်းစုံ သုဿန်သစ်အဖြစ် သတ်မှတ်ထားသော ၀မ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံအပေါ်ရွာ အနီး၌ မြေဧရိယာ (၆.၇၅)ဧကခန့် ကျယ်ဝန်းသော နေရာသို့ ဘာသာအလိုက် စနစ်တကျရွှေ့ပြောင်းနိုင်ရေးနှင့် မှတ်တမ်းထားရှိနိုင်ရေးအပြင် လက်ရှိမြို့မသုဿန်၌ ဂူသွင်းမြုပ်နှံထားသော အုတ်ဂူအတွင်းမှ အရိုးစုများအား ကျန်ရစ်သူမိသားစုများမှ ရွှေ့ပြောင်းလိုပါက ရွှေ့ပြောင်းနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စာရင်းကောက်ခံရန် စသည်တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။


ယနေ့ ပြုလုပ်သော အစည်းအဝေးတွင် ဘာသာပေါင်းစုံများမှ သုဿန်နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ အခက်အခဲများကို တင်ပြဆွေးနွေးလာရာ အဆိုပါ တင်ပြမှုများကို စည်ပင်သာယာအဖွဲ့မှ ပြည်နယ်အစိုးရထံသို့ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပြီး သုဿန်ဟောင်းများမှ သုဿန်သစ်သို့ ရွှေ့ပြောင်းရမည့်ရက်ကို ထပ်မံ၍ အသိပေးကြော်ငြာပေးသွားမှာဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးမှ အမှုဆောင်အရာရှိ ဦးကိုကိုက အစည်းအဝေးတက်ရောက်လာသူများအား ပြောကြားသည်။


တာချီလိတ်မြို့ပေါ်ရှိ ပုန်ထွန်းရပ်ကွက်တွင် မြို့မသုဿန်၊ ခရစ်ယာန်ဘာသာသုဿန်၊ အစ္စလာမ်(မွတ်စလင်)သုဿန် နှင့် တရုတ်သုဿန် ဟူ၍ သုဿန်(၄)ခုရှိပြီး မယ်ခေါင်ရပ်ကွက်ရှိ ရှမ်းသုဿန် အပါအ၀င် အဆိုပါ သုဿန်များတွင် နောက်ပိုင်း၌ လူသေအလောင်းများအား မြှုပ်နှံခြင်း၊ မီးသဂြုင်္ိဟ်ခြင်းများကို ပြုလုပ်ခွင့်မပေးတော့ပဲ သုဿန်သစ်တွင်သာ မြေမြှုပ်သဂြုင်္ိဟ်ခွင့်နှင့် မီးရှို့သဂြုင်္ိဟ်ခွင့်ကိုသာ ခွင့်ပြုတော့မှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အဆိုပါ အစည်းအဝေးတွင် တပါတည်းပြောကြားသွားသည်။


သုဿန်နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ မြို့မသုဿန်အတွင်းရှိ ဂူသွင်းမြှုပ်နှံထားသော အုတ်ဂူများကို ရွှေ့ပြောင်းလိုသော သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများ အနေဖြင့် ယခု ရက်ပိုင်းအတွင်း မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် သွားရောက် စာရင်းပေးရန် လိုကြောင်း သိရသည်။

ယနေ့ ပြုလုပ်သော ညှိနှိုင်းဆွေးနွေးမှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်စံ နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံအလိုက် သုဿန်နေရာများမှ တာဝန်ရှိသူများ အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
သတင်း။   ။ ကိုဇောင်း
ဓါတ်ပုံ  ။   ။ လင်းလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>