Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျပ်သိန်းပေါင်း ၉၃၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား နမ့်ခမ်း၌ ဖမ်းဆီးရရှိ

$
0
0
ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၉၃၂)ခန့် တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဘိန်းဖြူများကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီးသော ပူးပေါင်းအဖွဲ့သည် ၂၀၁၄ခုနှစ် မေလ(၁၈)ရက် နံနက် (၁၀း၃၀)နာရီအချိန်က မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်၌ တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာရှိ ကူးတို့ဆိပ်အနီးက လမ်းမပေါ်တွင် ရရှိထားသော မူးယစ်ဆေးဝါး အခိုင်အမာသတင်းအရ  စောင့်ဆိုင်းနေစဉ်မှာ နမ့်ခမ်းမြို့ ဘက်မှ မန့်ဟောင်းကျေးရွာ ကူးတို့ဆိပ်ဘက်သို့ မောင်ချန်းခေါ မောင်းနှင်လာသည့် ပါဂျဲရိုးအမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာတွင် မော်တော်ယာဉ်၏ အနောက်ခန်းယာဘက် ထိုင်ခုံရှေ့ကြမ်းခင်းတွင် တင်ဆောင်လာသည့် အဖြူရောင် ဆာလာအိတ်အတွင်းမှ မိုင်းကိုင်စက္ကူ အဖြူရောင်တိပ်တို့ဖြင့် ထုပ်ပိုးထားသည့် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ငယ်များဖြင့် ထည့်ထားသော Wy စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁)အိတ်လျှင် (၁၉၈)ပြားစီပါသည့် (၁၀)ထုပ်စည်း (၁၄)စည်း၊ ဆေးပြားထုတ်ပေါင်း (၁၄၀)ထုပ် နှင့် 88 နှင့် 1 စာတန်းတစ်ဖက်စီပါသည့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၈၈၀)ပြားတို့ကို ရှာဖွေတွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြားများမှာ (၃၉၆၀၀)ပြား ရှိရာ အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ် (၇၉၂)သိန်းခန့် ရှိကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေရာ တံဆိပ်မပါသည့် (၃၅၀)ဂရမ်ခန့်ရှိသော ဘိန်းဖြူဘလောက်တုံး (၂)တုံးကိုလည်း ရှာဖွေတွေ့ရှိရာ အဆိုပါ ဘိန်းဖြူ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း(၁၄၀)ခန့်ရှိကြောင်းသိရသည်။

ယခုရှာဖွေသိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများ နှင့် ဘိန်းဖြူတို့၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် သိန်းပေါင်း (၉၃၂)သိန်းရှိပြီး မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ တရားခံ မောင်ချန်းခေါအား နမ့်ခမ်းမြို့မရဲစခန်းမှ မယ(ပ)၂၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
သတင်း။   ။ ကိုဇောင်း


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>