Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အာခါတိုင်းရင်းလူမျိုးရေးဝန်ကြီးနှင့်အဖွဲ့မှ နမ့်လွတ် အာခါရွာ လမ်းအား သွားရောက်ဖွင့်လှစ်ပေး

$
0
0

လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ထဲမှ ကျပ်သိန်း (၅၀)အား ခွဲဝေအသုံးပြု၍ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နမ့်လွတ်(အာခါ)ရွာအတွင်းရှိ ရွာလမ်းအား ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းပြုလုပ်ပြီးမြောက်ရာ လမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့ မတ်လ(၁၅)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါလမ်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်း နှင့် အဆိုပါရွာမှ အာခါတိုင်းရင်းသားများ တက်ရောက်လာခဲ့ကြပြီး အာခါတိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် တို့မှ အဆိုပါလမ်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။



ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းပြီးသည့်နောက်မှာ အာခါတိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးပီတာသောင်းစိန် မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေထဲမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် အဆိုပါ လမ်းအား ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ လမ်းခင်းကျင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လျပ်စစ်မီးမရရှိသေးသော နေရာများကို လျပ်စစ်မီးရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တဆက်တည်းမှာပင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အထောက်အကူပြုကော်မတီအဖွဲ့ဝင် ဦအောင်မြင့်က ၎င်းတို့၏ ရွာအတွင်း လမ်းခင်းကျင်းပေးမှုနှင့် ပတ်သက်၍ "ယခင်က ရွာတွင်းလမ်းမှာ မိုးတွင်းအခါ သွားလာရခက်ခဲပြီး ကျောင်းသွား ကျောင်းလာ ကလေးများအတွက်လည်း အခက်အခဲဖြစ်ခဲ့ရာ ယခုအခါမှာ လမ်းခင်းပေးသည့်အတွက် အနာဂတ်မှာ လှပလာတော့မှာဖြစ်ပြီး အခုလို လမ်းခင်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း"စသည်ြ့ဖင့် ကျေးဇူးတင်စကား ပြောကြားသည်။


တဆက်တည်းမှာပင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်ခရိုင် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီး တို့မှ နမ့်လွတ်(အာခါ)ရွာအတွက် ကျောင်းစာသင်ခုံ (၆)စုံ၊ စာသင်ကျောက်သင်ပုန်း (၂)ခု၊ စာရေးစားပွဲခုံ (၃)ခုံ နှင့် အိမ်သာကြွေခွက် ( ၅၀ )တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာအထောက်အကူပြုကော်မတီအဖွဲ့ဝင်များမှ ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။


တစ်ဆက်တည်းမှာပင် ၀န်ကြီးနှင့် အဖွဲ့သည် နမ့်လွတ်(အာခါ)ရွာအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်ကြည့်ရှုကြရာ ကျောင်းအုပ်ဆရာမကြီးမှ ပေ ၂၅၀ ကျော်ရှိသည့် ကျောင်းလမ်းအား ကွန်ကရစ်လမ်း ခင်ကျင်းလိုသည့် အတွက် အကူအညီတောင်းခံ တင်ပြရာမှာ ၀န်ကြီးနှင့်အဖွဲ့မှ အဆိုပါ လမ်းအား ခင်းကျင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက် ဆွေးနွေးခဲ့ကြသည်။

ယခု ဖွင့်လှစ်လိုက်သာ လမ်းသည် အကျယ် (၁၂)ပေ၊ အရှည် ပေ(၁၁၇၀)ပေရှိပြီး အထူ (၃)လက်မ ထူကြောင်း သိရသည်။ အဆို ရွာလမ်းအား ယခုလို ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ထဲမှာ ကျပ်သိန်း (၅၀)ဆယ်ကို အသုံးပြုပြီး ပြုလုပ်ရာ မလောက်ငှသည့်အတွက် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှူများဖြင့် ခင်းကျင်းနိုင်ခဲ့ပြီး အဆိုပါ လမ်းပြုလုပ်နေစဉ်မှာ ရွှေတြိဂံပါရာဒိုက်ရီဆော့ဟိုတယ် မန်နေဂျာ ဦးကျော်ကျော်စိုး  မိသားစု နှင့် ဟိုတယ်ဝန်ထမ်းများမှ လုပ်အားဖြင့်သော်လည်းကောင်း စက်ယန္တရားဖြင့် သော်လည်းကောင်း ပါဝင် ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါရွာမှ အာခါတိုင်းရင်းသား အဘိုးအိုတစ်ဦးက "အခုလို ရွာလမ်းလေး ချောချော မွေ့မွေ့ဖြစ်သွားတော့ အရမ်းဝမ်းသာတယ်၊ ဒီလို လမ်းလေးဖြစ်လာမယ်လို့ အဘောတို့ မစဉ်းစားခဲ့ဖူးဘူး"ဟု မြန်မာလို မပီမသဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။



~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>