Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ သာယာလှပရေး မြို့သူမြို့သားအားလုံး ပူးပေါင်းကူညီပေး

$
0
0
မိုးဖြိုင်ဖြိုင်ရွာသွန်းပြီဆိုသည်နှင့် တာချီလိတ်မြို့အနိမ့်ပိုင်းရပ်ကွက်များတွင် မလွဲမသွေ ကြုံတွေ့ရသည့် ဒုက္ခကတော့ ရေကြီးရေလျှံမှုများပင်ဖြစ်သည်။ တာချီလိတ်မြို့ကို အလျားလိုက် ကွေ့ဝိုက် စီးဆင်းနေသော နမ့်မယ်ဆိုင်ချောင်းနှင့်အတူ မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေသော နမ့်ယွန်းချောင်း၊ ဆန်ဆိုင်းချောင်း၊ မယ်ခေါင်ချောင်းများ ကြမ်းပြင် မြင့်တက်လာမှုနှင့်အတူ အမှိုက်သရိုက်များ ပိတ်ဆို့နေမှုကြောင့် ရေစီးရေလာများ ကောင်းမွန်စွာ စီးဆင်းမှု မရှိတော့ပဲ မိုးသည်းထန်စွာ ရွာသွန်းလိုက်သည်နှင့် မြို့တွင်းသို့ ရေလျှံမှု ဖြစ်ပေါ်လျှက်ရှိနေသလို နွေအခါကာလတွင်လည်း ခြင်ပေါက်ဖွားမှုကို အားပေးသလိုဖြစ်နေသည့် အတွက် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းလည်း နှစ်စဉ်မြင့်တက်လျှက် ရှိနေသည်ကို တွေ့ရှိရပေသည်။


သည့်အတွက်လည်း ဒေသအာဏာပိုင်များ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနများမှ နှစ်စဉ်ငွေကြေး အမြောက်အများ အကုန်အကျခံကာ ရေနှုတ်မြောင်းများ ဆယ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိသော်လည်း "ပလိုင်းပေါက်နှင့် ဖါးကောက်နေရသလိုပင်"၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကြောင့် အမှိုက်ပိတ်ဆို့မှုကတော့ အမြဲလိုပင် ဖြစ်ပေါ်နေပေသည်။ စည်ပင်ဌာနမှ ရေနှုတ်မြောင်းများ အတွင်း မကြာမကြာ သန့်ရှင်းရေး ဆောင်ရွက်ပါသည်။ သို့သော်လည်း သန့်ရှင်းရေးဆောင်ရွက်ပြီး နာရီပိုင်းအတွင်းမှာပင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်သူများကြောင့် အမှိုက်များကတော့ ရေချောင်းအတွင်း မြင်မကောင်းအောင် ပိတ်ဆို့မြဲပင်။

မြို့ရွာသန့်ရှင်း သာယာလှပရေးအတွက် စည်ပင်ဌာနတွင် တာဝန်ရှိသည်မှာ မှန်ပါသည်။သို့ပါသော်လည်း လက်သည်ကိုပဲ အားကိုးလို့မရ ၊ ကိုယ်ကလဲ ညှစ်ပေးရမည် ဆိုစကားသို့ပင် ပြည်သူလူထုမှလည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ဖို့တာဝန်ရှိပါသည်။


မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော ရေချောင်းများသည် အမှိုက် စွန့်ပစ်ရန် နေရာမဟုတ်ပါ။ သို့သော်လည်း နိုင်ငံကြီးသား မပီသသူအချို့၏ တာဝန်မဲ့မှု စည်းကမ်းမရှိမှု ထို့ကြောင့် အမှိုက်များ ပိတ်ဆို့နေမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခဲ့သော် ပြည်သူအများသာ ထိခိုက်နစ်နာ ရမည်ဖြစ်ပါသည်။


သို့ဖြစ်ပါသောကြောင့် မြို့တွင်းသာယာလှပမှုကို အထောက် အကူပြုပေးနေသော ရေချောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် တာချီလိတ်မြို့သူ မြို့သားအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါသည်။ အထူးသဖြင့် ရေချောင်းဝဲ-ယာများတွင် နေထိုင်ကြသူများ အနေဖြင့် လွယ်လင့်တကူ စည်းကမ်းမဲ့စွာဖြင့် ရေချောင်းအတွင်း အမှိုက်များစွန့်ပစ်ခြင်း မပြုကြပဲ မိမိတို့နေအိမ်မှထွက်ရှိသော အမှိုက်များအား စနစ်တကျထုပ်ပိုးထားရှိပြီး အမှိုက်သိမ်းကားများလာသည့် အခါ စွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံလိုပါသည်။


ထို့အတူပင် မြို့တွင်းအမှိုက်သိမ်းတာဝန်ယူထားသည့် စည်ပင်ဌာနနှင့် ပုဂ္ဂလိက အမှိုက်သိမ်း ယာဉ်များမှလည်း နေ့စဉ်အချိန်မှန်မှန် အမှိုက်သိမ်းယူခြင်းဖြင့် ပြည်သူများစည်းကမ်းရှိရှိ အမှိုက်စွန့်ပစ်တတ်သည့် အလေ့အကျင့် ရရှိအောင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ ရေးသားလိုက်ရပါသည်။
သတင်းဆောင်းပါးနှင့် ဓါတ်ပုံပေးပို့သူ။         ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>