တာချီလိတ်မြို့ သုဿန်သစ်နှင့် မီးသဂြုင်္ိဟ်စက် တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့ ဇန်န၀ါရီလ(၁၆)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် သြ၀ါဒစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နဂါးနှစ်ကောင်ဆရာတော်ကြီးမှ သြ၀ါဒမြွက်ကြားပြီးနောက် သုဿန်သစ်မြေနေရာ ရွေးချယ်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။ ယင်းနောက် ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းထမ်းတောရ ဆရာတော် ဘဒ္ဒန္တ မုလိန္ဒမှ သုဿန်မြေအဖြစ် အသုံးပြုရန် မြေဧက (၂၀)အား ပေးအပ်လှူဒါန်းရာ ဆရာတော်ကြီးမှ ၀မ်းမြောက် အနုမောသာဓုကထာမြွက်ကြားသည်။
ဆက်လက်ပြီး ခေတ်မီ မီးဂြုင်္ိဟ်စက် တည်ဆောက်ရေးအတွက် မဏိဇောတဓရ ဦးမောင်လေး + ဒေါ်နန်းကျိန်(အဆွေတော်မီနီမတ်)မှ အလှူငွေ ကျပ်သိန်း(၅၀)၊ ဦးကြည်မြင့်+ဒေါ်နန်းခမ်း (တော်ဝင်မြန်မာမိသားစု၊ တော်ဝင်မြန်မာ သောက်ရေသန့်) မိသားစုမှ ဘိလပ်မြေ အိတ် (၁၀၀၀)၊ ဦးကျော်ငြိမ်း+ဒေါ်နန်းခမ်းဆောင် (ရှုတိုင်းယဉ် ပိုးထည်တိုက်) မိသားစုမှ ဘိလပ်မြေအိတ် (၅၀၀)၊ ဦးအောင်ဖြိုန်းရှိန်(သူရိယသင်္ကန်းတိုက်)မှ ဘိလပ်မြေအိတ် (၁၀၀)တို့အား ထည့်ဝင်လှူဒါန်းကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နဂါးနှစ်ကောင် ဆရာတော်ကြီးနှင့် ၀ိန်းထမ်းတောရ ဆရာတော်တို့ အမှူးပြုသော သံဃာတော်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများသည် သုဿန်သစ်တည်ဆောက်ရန် လျာထားသည့် ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းထမ်းတောရကျောင်း အနီးရှိ မြေနေရာအား ကွင်းဆင်းကြည့်ရှုကာ ရွေးချယ်အတည်ပြုခဲ့ကြကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး
ပုံများကိုကြည့်ရန်
87 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net