Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖြတ်ခရိုင်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၈၇၅)သိန်းဖြင့် ဖောက်လမ်းနေသည့် ကျောက်ခင်းလမ်းအား နယ်စပ်ရေးရာဝန်ကြီးမှ လာရောက်စစ်ဆေး

$
0
0
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူသည်   တာဝန်ရှိသူများနှင့်အတူ ဇန်န၀ါရီ  ၇ ရက်၊ နံနက်  ၉ နာရီ က  မိုင်းဖြတ်မြို့သို့ ရောက်ရှိပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌  ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးပြောကြားသည်။


အခမ်းအနားတွင်  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်အုန်းက ဒေသဖွံ့ဖြိုးလုပ်ငန်းများဆောင်ရွက်နေမှု ၊
ယခုလ(၂)ရက်နေ့က ၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များအား ပြည်နယ်အစိုးရအဖွဲ့ နှင့် စေတနာရှင်အလှူရှင်များမှ  ယနေ့အထိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊  ထောက်ပံ့ငွေများ  စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၆၄၂၀၀၀ ထောက်ပံ့ပေးထားကြောင်းနှင့် မိုင်းယောင်းစွမ်ဟိန်းဂူဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က  မီးဘေးသင့်အိမ်ထောင်စုများအား ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း၊ မှတ်ပုံတင်များ ပြန်လည်ဆောင်ရွက်ပေးနေမှု တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ၊  ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတင်ပြချက်များအပေါ်  ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က  ဆောင်ရွက်သင့်သည်များအားပြန်လည်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  ၀န်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
ခွင့်ပြုရန်ပုံငွေကျပ် (၈၇၅)သိန်းဖြင့်  မိုင်းဖြတ်-နမ့်ယွန်း-နမ့်ပန်လမ်းအပိုင်း (၇)မိုင်အရှည် ကျောက်ခင်းလမ်းအမျိုးအစား ဆောင်ရွက်နေအား ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး၊ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မှီရေးနှင့် အချိန်မီ ပြီးစီးရေးအတွက်  လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။       ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>