Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို တာချီလိတ် မာရသွန်ပြိုင်ပွဲ၌ ဆုပေါင်း (၅၀) ချီးမြှင့်

$
0
0
မြန်မာနိုင်ငံ၌ ယခု ၂၀၁၄ခုနှစ်တွင် ကျရောက်မည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် တာချီလိတ်မြို့တွင် အားကစားနည်း (၁၄)မျိုးဖြင့် အားကစားပြိုင်ပွဲများကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးအပတ်ထဲက စ၍ ကျင်းပလာခဲ့သည်ဖြစ်ရာ ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၂)ရက် နံနက် (၆)နာရီ အချိန်က တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် "ဟိုတယ်တာချီလိတ်"တို့မှ ကြီးမှူးကျင်းပသည့်  (၁၂)မိုင်ကျော်ရှိ မာရသွန်အပြေးပြိုင်ပွဲအား တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ကုန်ရွာမှ တာထွက်ကာ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့သို့ ပြေး၍ ပန်းဝင်လာကြရာ ပြိုင်ပွဲဝင် (၁၃၂)ဦးရှိကြောင်း သိရသည်။


မာရသွန်အပြေး အားကစားသမားများ အနေဖြင့် စတင် တာထွက်ရန်အတွက် ရန်ကုန်ရွာသို့ မသွားရောက်မီ ရှမ်းရိုးမကုန်တိုက်ရှေ့၌ နံနက် (၃း၃၀)နာရီအချိန်မှစ၍ စုစည်းစေခဲ့ကြပြီးနောက် နံနက်(၅)နာရီ အချိန်တွင် အဆိုပါ ကုန်တိုက်ရှေ့၌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်(တော်ဝင်မြန်မာ)တို့က ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးစကားပြောကြားပြီး အဆိုပါနေရာမှတဆင့် ကားများဖြင့် တာထွက်မည့် ရန်ကုန်ရွာသို့ ဆက်လက်၍ ထွက်ခွာသွားခဲ့ကြသည်။

ရန်ကုန်ရွာသို့ အားကစားသမားများ ရောက်ရှိကြပြီးနောက် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဦးထွန်းနေဦး (ဟိုတယ်တာချီလိတ်)တို့က ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးစကားပြောကြားရင်း ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားသွားခဲ့ကြပြီး နံနက်(၆)နာရီတိတိမှာ ဒုတိယရဲမှူးကြီးဝင်းထွန်းက သေနတ်မိုးပေါ်ထောင် ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင် အပြေးသမား (၁၃၂)ဦးထဲမှ ကျောနံပါတ် (၁၁၀) ကိုလှအေး(ပုန်းထွန်)က ပထမဦးဆုံးအဖြစ် (၇)နာရီ (၂၂)မိနစ် (၃၈)စက္ကန့်၊ ကျောနံပါတ် (၁၁၁) ကိုနောင်တိန်(တာလေ) က ဒုတိယအဖြစ် (၇)နာရီ (၃၄)မိနစ် (၅၂)စက္ကန့် နှင့် ကျောနံပါတ် (၁၀၀) ကိုဆန်းဝင်း(ရွှေနဂါး-၈၈)မှ တတိယ စသည်ဖြင့် ပန်းဝင်သွားခဲ့ကြသည်။


ပြိုင်ပွဲတွင် ဆုများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု စသည့် ဆု(၃)ဆု အပါအ၀င် နှစ်သိမ့်ဆု (၁၀)ဆု၊ ဇွဲဆု (၃၇)ဆု တို့အား ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆုများရရှိသည့် ပြိုင်ပွဲဝင်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခုပြုလုပ်သော ပြိုင်ပွဲအား တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်းအနီး၌ ဖွင့်လှစ်ထားသည့် "ဟိုတယ်တာချီလိတ်"မှ အဓိက ကူညီပံ့ပိုးပေးထားပြီး၊ ဦးမောင်လေး ("အဆွေတော်"မိသားစု)မှ အချိုရည်ဗူးများ၊ ဦးကြည်မြင့်+ဒေါ်နန်းခမ်း ( "တော်ဝင်မြန်မာ"မိသားစု ) မှ သောက်ရေသန့်များ နှင့် "သူရိယ သင်္ကန်းတိုက်"မိသားစုမှ ဆုရရှိသော ပြိုင်ပွဲဝင် အားကစားသမားများအတွက် ကတ္တီပါဖိနပ် အရံ(၁၀၀)၊ စသည်တို့ကို အသီးသီး ပံ့ပိုးကူညီခဲ့ကြကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် စာရင်းပေးသွင်းထားသူမှာ (၁၆၃)ဦး ရှိသော်လည်း လာရောက်ယှဉ်ပြိုင်သူများမှာ (၁၃၂)ဦးသာရှိကြောင်းနှင့် အများဆုံး ၀င်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများမှာ ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားများဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ် မာရသွန် ၁
28 photos
တာချီလိတ် မာရသွန် ရန်ကုန်ရွာမှ တာထွက်
109 photos
တာချီလိတ် မာရသွန် ရန်ကုန်ရွာမှ တာထွက်၍ ရှမ်းရိုးမရှေ့သို့ ပန်းဝင်
66 photos
တာချီလိတ် မာရသွန်ပြိုင်ပွဲမှ ဆုရရှိသူများ
80 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>