Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ အလင်းရောင် ပရဟိတအသင်း၏ (၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား

$
0
0
နယ်စပ်ဒေသမြို့များအနက် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ ထိုင်း - မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်သည့် တာချီလိတ်မြို့တွင် အများသူငှာ မထင်မှတ်ထားသည်ထက် လူမှုရေးအသင်းအဖွဲ့များမှာ (၁၀)သင်း အထက် ရှိလာခဲ့သည်ဖြစ်ရာ အဆိုပါ လူမှုကူညီရေးအသင်းများစွာအနက် ဒုတိယ သက်တမ်းကြာပြီဖြစ်သည့် အလင်းရောင်ပရဟိတအသင်း၏ (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား ယနေ့ ဇန်န၀ါရီလ (၁)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် အလင်းရောင်ပရဟိတအသင်း၏ ဥက္ကဌဖြစ်သူ ဦးမြင့်ဦးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ  နှစ်ပတ်လည်အမှတ်တရ သြ၀ါဒစကားပြောကြားခြင်း၊ အလင်းရောင်ပရဟိတအသင်းမှ ဦးစိုင်းဝဏ္ဏထွန်းက သြ၀ါဒစကားချီးမြှင့်ခြင်း၊ အလင်းရောင်ပရဟိတအသင်း၏ ဒု-ဥက္ကဌ ဦးစိုးမိုးမှ အသင်း၏ ရည်ရွယ်ချက် နှင့် အသင်း၏ လုပ်ငန်းစဉ်များအပြင် အသင်း၏ လုပ်ဆောင်ချက်များကို တင်ပြခြင်း နှင့် အသင်း၏ စာရင်းစစ် မနီလာမှ နှစ်ချုပ် ရ/သုံးငွေစာရင်းများအား ရှင်းလင်းတင်ပြခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ အလင်းရောင်ပရဟိတအသင်း၏ ထာဝရအလှူရှင်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကိုကိုနှင့်  မြို့နယ်အကောက်ခွန် ဦးစီးမှူး ဦးကျော်နိုင်တို့မှ ဂုဏ်ပြုလွှာများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် အသင်း၏ အတွင်းရေးမှူး ဦးအောင်မြင့်ရှိန်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြောင်း သိရှိရသည်။

အလင်းရောင်ပရဟိတအသင်းသည် အသင်းသား၊ အသင်းသူ (၂၅၀)ကျော်တို့ဖြင့် တာချီလိတ်မြို့တွင်း၌ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် လပြည့်၊ လကွယ် စုပေါင်းဘုံဆွမ်းလောင်းခြင်းနှင့် တရားပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိပြီး အဆိုပါ အသင်းအား ၁.၁.၂၀၁၂ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ထားတာဖြစ်ပြီး ရုံးခန်းအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ One mobile ဖုန်းဆိုင်ရှေ့အနီးတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
အလင်းရောင်ပရဟိတအသင်း၏ (၂)နှစ်ပြည့် နှစ်ပတ်လည်
47 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>