Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

UNFC အဖွဲ့ ရန်ကုန်မှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ

$
0
0
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ ( United Nationalities Federal Council ) မှ ခေါင်းဆောင်များသည်  ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရေးရှင်းအဖွဲ့အပါအ၀င် အချို့သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်မြို့သို့ နိုဝင်ဘာလ ၂၃ရက်နေ့က ရောက်ရှိလာခဲ့ပြီး ထိုမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားရာ ယနေ့ နိုဝင်ဘာလ ၂၆ရက်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့သို့  ပြန်လည်ရောက်ရှိ လာခဲ့ကြသည်။


အဆိုပါအဖွဲ့မှ ရောက်ရှိလာမှုကို တာချီလိတ်မြို့ရှိ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ တာချီလိတ်လေဆိပ်သို့ သွားရောက် ကြိုဆို၍ လေဆိပ်မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် ချင်းလိုင်းခရိုင် မဲ့ကျန်းမြို့အထိ လိုက်လံပို့ဆောင်ပေးမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ။    ။ စည်သူမောင်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>