Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ "အဘ ကိုးမြို့ရှင် ပြည်သူ့နတ်နန်း"သစ် တည်ဆောက်မှု စတင်

$
0
0
       တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မဟာမြတ်မုနိကျောင်းတိုက်အနီးတွင် တည်ရှိသော
အဘကိုးမြို့ရှင်နတ်နန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်ကပင် တာချီလိတ်ဒေသနေ ပြည်သူများ ယုံကြည်အားထားရာ ရွာတော်ရှင် နယ်တော်ရှင် နတ်နန်းဖြစ်ပေသည်။

    
 တာချီလိတ်မြို့နေ ဒေသခံပြည်သူများ၊ အမြို့မြို့အနယ်နယ်မှ လာရောက်နေထိုင်သူများ၊
အမှုထမ်း အရာထမ်းများ အပါအ၀င် ဆင်းရဲချမ်းသာ လူတန်းစားမရွေး မိရိုးဖလာကိုးကွယ်ယုံကြည်မှု တစ်ရပ်အနေဖြင့် ပူဇော်ပသခြင်းများ၊ ဒေ၀ဒါနဗလိနတ်စာကျွေးခြင်းများ၊ အလှူမင်္ဂလာများတွင်
အမျှအတန်းပေးဝေခြင်းများဖြင့် အဘကိုးမြို့ရှင်အမှူးပြုသော နယ်တော်ရှင်ရွာတော်ရှင်များအား
ယုံကြည်ကိုးစားကြလေသည်။ ထို့အပြင် အဆိုပါနတ်နန်းပရ၀ုဏ်အတွင်း ပခန်းမင်းကျော်စွာ ၊
ပဲခူးနံကရိုင်းမယ်တော်၊ မြင်းဖြူရှင်စသည့် ၃၇မင်းနတ်များကိုလည်း မိမိတို့၏ယုံကြည်မှုအလိုက်
ပူဇော်ပသထားသည်ကို တွေ့ရှိရလေသည်။


အဆိုပါ နတ်နန်းအား မူလက မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်အရ ဟုတ်တက်
တရုတ်ဗုဒ္ဒဘာသာဘုရားကျောင်းအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပြီး ယခုအခါ နှစ်ပရိစ္ဒေကြာ
မြင့်လာပြီဖြစ်သည့် အတွက် အတန်ငယ်ချို့ယွင်းပျက်စီးလာခြင်း၊ ဖွံ့ဖြိုးတိုးတက်လာသော တာချီလိတ်မြို့နှင့် ပိုမိုပနံသင့်ပြီး မိရိုးဖလာကိုးကွယ်ယုံကြည်သူများ ပိုမိုကြည်ညိုဖွယ်ရာဖြစ်စေရန်တို့
အတွက် အဆိုပါနတ်နန်းအား အသစ်ပြန်လည် တည်ဆောက်တော့မည်ဖြစ်ပြီး ဒေသအာဏာပိုင်
အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ ဦးဆောင်ပါဝင်သည့် ““ အဘကိုးမြို့ရှင်နတ်နန်း”” အား ပြည်သူ့
နတ်နန်းကြီးအဖြစ် ပြန်လည်တည်ဆောက်ရန်အတွက် တည်ဆောက်ရေးကော်မတီအားဖွဲ့စည်း
လိုက်ပြီဖြစ်ကာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်နေပြီဖြစ်သည်။

            နတ်နန်းသစ်ကြီး တည်ဆောက်ရာတွင် ထေရ၀ါဒဗုဒ္ဒသာသနာတော်နှင့် ဆန့်ကျင်ခြင်းမရှိပဲ
မိရိုးဖလာယုံကြည် ကိုးကွယ်သူများအားလုံး လွတ်လပ်စိတ်ချမ်းမြေ့စွာဖြင့် ဂါရ၀ပြုနိုင်ရန်အတွက်
မြန်မာ့ရိုးရာယဉ်ကျေးမှုအား ဖေါ်ညွှန်းသော မြန်မာမှုဗိသုကာလက်ရာများဖြင့် တည်ဆောက်သွား
မည်ဖြစ်ရာ အိမ်နီးချင်းထိုင်းနိုင်ငံမှ ပြည်သူများလည်း လာရောက်လေ့လာ လည်ပတ်နိုင်သည့်
တာချီလိတ်မြို့ဂုဏ်ဆောင် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦးအဖြစ် မကြာမီပေါ်ထွန်းလာ
တော့မည်ဖြစ်ပါသည်။

အဆိုပါ နတ်နန်းသစ်ကြီးအား တည်ဆောက်ရာတွင် လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာကပင်
ယုံကြည်အားထားသူများ လှူဒါန်းခဲ့သည့်ငွေ (နတ်ဆက်ငွေ)များကို အခြေပြုပြီး ထပ်မံလှူဒါန်းကြသည့် အလှူရှင်များ၏ လှူဒါန်းငွေများအပြင် ယုံကြည်ကိုးကွယ်သူ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ရေး
အတွက် -
(က) ဦးတင်လှိုင် (ကော်မတီအတွင်းရေးမှူး ) အဆွေတော်မီနီမတ် ၊ 
(ခ) ဦးထွန်းနေဦး(ကော်မတီဘဏ္ဍာရေးမှူး) ဟိန်းထက်အောင်ဆောက်လုပ်ရေး ၊  
(ဂ) ဦးအောင်ဖြိုးရှိန် (ကော်မတီတွဲဘက်အတွင်းရေးမှူး) သူရိယသင်္ကန်းတိုက်တို့ထံသို့
ဆက်သွယ်ကာ မည်သူမဆို တတ်အား သရွေ့ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ။          ။ မောင်ယဉ်ကျေး
   
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>