Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဗိုလ္ခ်ဳပ္ႏွင့္မတူဟု ေဝဖန္ခံေနရသည့္ ဗိုလ္ခ်ဳပ္ရုပ္တုအား ျပန္လည္ျပဳျပင္မည္

$
0
0

လားရိႈး၊ ဇူလိုင္လ(၁၀)ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လာရႈိးၿမိဳ႕တြင္ ထားရိွမည့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္တုအား ေဝဖန္သူ မ်ားေနသည့္ အတြက္  ျပန္လည္ျပဳျပင္ၾကဖို႔ ေဆြးေႏြးမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပံုတူေၾကးရုပ္တု ျဖစ္ေျမာက္ေရးအဖြဲ႕ဦးစီး ေကာ္မတီထံက သိရသည္။

"ဗိုလ္ခ်ဳပ္ရုပ္ပံုနဲ႔ လံုးဝမတူဘူးလို႔ အမ်ိဳးမ်ိဳးေဝဖန္သံေတြ ၾကားေနရတယ္။ ဒါေၾကာင့္ျပန္လည္ျပဳျပင္ဖို႔ ကၽြန္ေတာ္တို႔ ဗိုလ္ခ်ဳပ္ပံုတူ ျပင္ဆင္ေရးေကာ္မတီတစ္ရပ္ ဖြဲ႕စည္းခဲ့ပါတယ္။ "ဟု အဆိုပါေကာ္မတီ၏ ဥကၠဌ ဦးေအာင္ေက်ာ္စိုးက ေျပာသည္။

အဆိုပါရုပ္တုအား မႏၱေလးတြင္ ထုလုပ္ခဲ့ျခင္းျဖစ္ၿပီး ေမလ (၂၃)ရက္က လားရိွဳးသို႔ သယ္ေဆာင္ လာခဲ့ၿပီးေနာက္ ရုပ္တုအား မစိုက္ထူမီမွာပင္ ပံုတူရုပ္တုမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္မတူဟု ေဝဖန္မႈမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

"ဗိုလ္ခ်ဳပ္ပံုက လံုးဝမတူပါဘူး။ စိုက္ထူၿပီးသြားရင္ အတည္တက်ျဖစ္သြားၿပီေလ။ ဒီမတူတဲ့ပံုကို စိုက္ထူထားမယ္ဆိုရင္ ေနာင္လာေနာင္သားေတြက မတူတ့ဲ ဗိုလ္ခ်ဳပ္ကို ဒါတို႔ဗိုလ္ခ်ဳပ္လို႔ ထင္သြားနိုင္တယ္။ ဒါေၾကာင့္ျပန္ျပင္မယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ ဝမ္းသာပါတယ္။"ဟု ၿမိဳ႕ခံ ဦးညိဳေမာင္က ေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုျဖစ္ေျမာက္ေရးေကာ္မတီအား ၂၀၁၅ ခုႏွစ္တြင္ ဖြဲ႕စည္းၿပီး လုပ္ေဆာင္ခဲ့ကာ ရုပ္တုအားျပန္လည္ျပဳျပင္ရန္အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပံုတူေၾကးရုပ္တု ျဖစ္ေျမာက္ေရးအဖြဲ႕ဦးစီး ေကာ္မတီအား ၂၀၁၆ ခုနွစ္ ဇြန္လအတြင္း ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ေအာင္ျပည့္
...........

လားရှိုး၊ ဇူလိုင်လ(၁၀)ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လာရှိုးမြို့တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်တုအား ဝေဖန်သူ များနေသည့် အတွက် ပြန်လည်ပြုပြင်ကြဖို့ ဆွေးနွေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တု ဖြစ်မြောက်ရေးအဖွဲ့ဦးစီး ကော်မတီထံက သိရသည်။

"ဗိုလ်ချုပ်ရုပ်ပုံနဲ့ လုံးဝမတူဘူးလို့ အမျိုးမျိုးဝေဖန်သံတွေ ကြားနေရတယ်။ ဒါကြောင့်ပြန်လည်ပြုပြင်ဖို့ ကျွန်တော်တို့ ဗိုလ်ချုပ်ပုံတူ ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ "ဟု အဆိုပါကော်မတီ၏ ဥက္ကဌ ဦးအောင်ကျော်စိုးက ပြောသည်။

အဆိုပါရုပ်တုအား မန္တလေးတွင် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ (၂၃)ရက်က လားရှိုးသို့ သယ်ဆောင် လာခဲ့ပြီးနောက် ရုပ်တုအား မစိုက်ထူမီမှာပင် ပုံတူရုပ်တုမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်မတူဟု ဝေဖန်မှုများ ထွက်ပေါ်နခြေင်းဖြစ်သည်။

"ဗိုလ်ချုပ်ပုံက လုံးဝမတူပါဘူး။ စိုက်ထူပြီးသွားရင် အတည်တကျဖြစ်သွားပြီလေ။ ဒီမတူတဲ့ပုံကို စိုက်ထူထားမယ်ဆိုရင် နောင်လာနောင်သားတွေက မတူတဲ့ ဗိုလ်ချုပ်ကို ဒါတို့ဗိုလ်ချုပ်လို့ ထင်သွားနိုင်တယ်။ ဒါကြောင့်ပြန်ပြင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝမ်းသာပါတယ်။"ဟု မြို့ခံ ဦးညိုမောင်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီအား ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့ကာ ရုပ်တုအားပြန်လည်ပြုပြင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တု ဖြစ်မြောက်ရေးအဖွဲ့ဦးစီး ကော်မတီအား ၂၀၁၆ ခုနှစ် ဇွန်လအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။ အောင်ပြည့်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၌ ဘိန္းျဖဴ ၃၅ဂရမ္ ဖမ္းဆည္းရမိ


ေတာင္ျပဳန္းပြဲၾကိဳအျဖစ္ မႏၱေလးတြင္ တရက္ထဲသာက်င္းပသည့္ အိုးပုတ္ပြဲေတာ္ စည္ကား


သီတဂူဆရာေတာ္ၾကီး၏ ေမြးေန႔ ပုိ႔စ္ ဖိတ္ေခၚ


ေျခလ်င္ႏွင့္ေျချမန္တပ္ရင္းမ်ားကြာျခားပံု


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


မေနာမယအိမ္ၿခံေျမေရာင္းနည္း


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


TTA Oreo Gapp Installer


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


“ဂုဏ္ယူမိပါတယ္” က်ေနာ္သိတဲ့ ကိုေနဝင္း (သို႔) ေဒါက္တာေနဝင္း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>