Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရုတ် - မြန်မာနယ်စပ် မိုင်းယု၌ လက်လုပ် ဘလောက်အုတ်လုပ်ငန်း တွင်ကျယ်လာ

$
0
0










ဘလောက်အုတ်ထုတ်လုပ်ရန် ဘိလပ်မြေ၊ သဲကျောက်တို့ကို ရေဖြင့်ရော၍ ပုံစံခွက်ထဲထည့်ကာ ရိုက်ခြင်းဖြစ်သဖြင့် မြေအုတ်ကဲ့သို့ လောင်စာအသုံးပြုရခြင်း မရှိဘဲ ကုန်ကျစရိတ် သက်သာသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း နည်းပါးကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ။  ။ ကိုကိုနိုင်(မိုင်းယု)
....................

မိုင်းယု၊ ဇူလိုင်လ (၁၀) ရက် 
မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် မြေအုတ်အစား လက်လုပ်ဘလောက်အုတ်များကို အသုံးပြုမှုများလာသဖြင့် ဒေသတွင်း လက်လုပ် ဘလောက်အုပ်လုပ်ငန်းများ တွင်ကျယ်လာကြောင်း သိရသည်။

"မိုင်းယုမှာက မြေအုတ်မသုံးတော့ဘူး။ ဘလောက်အုတ်ပဲ အသုံးပြုတာများလာကြတယ်။ ဘိလပ်မြေ တစ်အိတ်ကို သူ့အချိုးကျ ရောစပ်ပြီး ထုတ်ရင် ဘလောက်အုတ်(၅၅)လုံးကနေ အလုံး (၆၀)လောက်ထိ ထွက်တယ်"ဟု ဘလောက်အုတ် အငှါးရိုက်သူ ဦးဖိုးချမ်းက ပြောသည်။

ဘလောက်အုတ်ရိုက်ရသည်မှာ လွယ်ကူပြီး မြေအုတ်များထက် ဈေးသက်သာသည့်အတွက် ဝယ်ယူသုံးစွဲသူ များလာပြီး ဘလောက်အုတ် ထုတ်လုပ်သူများလာခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုလို ဘလောက်အုတ်ရိုက်စားလာတာ တစ်ယောက်တည်း ရိုက်တာ တစ်နေ့ကို အလုံး (၂၀၀)ကနေ အလုံး(၃၀၀)အထိ ရတယ်။ ဘိလပ်မြေတစ်အိတ်ရိုက်ရင် ကျပ်(၄၀၀၀)ရတယ်၊ တစ်နေကုန်ဆို ကျပ်(၂၀၀၀၀)ကျော်အထိ ရတယ်"ဟု ဦးဖိုးချမ်းက ဆိုသည်။

ဘလောက်အုတ်ထုတ်လုပ်ရန် ဘိလပ်မြေ၊ သဲကျောက်တို့ကို ရဖြေင့်ရော၍ ပုံစံခွက်ထဲထည့်ကာ ရိုက်ခြင်းဖြစ်သဖြင့် မြေအုတ်ကဲ့သို့ လောင်စာအသုံးပြုရခြင်း မရှိဘဲ ကုန်ကျစရိတ် သက်သာသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း နည်းပါးကြောင်း သိရသည်။

မိုင်းယုမြို့တွင် လက်ရှိ ဘလောက်အုတ်ဈေးနှုန်းမှာ အုတ်တစ်လုံးလျှင် ကျပ် (၂၀၀)မှ အိမ်အရောက်ပို့ဆောင် ပေးပါက ကျပ်(၃၀၀)ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ။ ကိုကိုနိုင်(မိုင်းယု)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>