Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေရာ(၂)အသင်း နှင့် ဘတ်စကတ်ဘော ပြိုင်ပွဲ၌ တဟွာလူငယ်အသင်းတို့ ပထမဆုများ အသီးသီးရရှိ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ(ဖလား) ရပ်ကွက်/ကျေးရွာ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကလပ်ပေါင်းစုံ  အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲအား နိုဝင်ဘာလ ၁၉ရက်နေ့က စတင်ကျင်းပလာခဲ့သည်ဖြစ်ရာ ယနေ့ နိုဝင်ဘာ (၂၄)ရက်နေ့မှာ ဗိုလ်လုပွဲနှင့် ယှဉ်ပြိုင်မှု အစုစုတို့၏ ဆုပေးမှု အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။


ပြိုင်ပွဲ၌ ရပ်ကွက်/ကျေးရွာ အမျိုးသား ပိုက်ကျော်ခြင်းဗိုလ်လုပွဲကို နံနက်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ကလပ်ပေါင်းစုံ  အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲအား ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်ဖြစ်ရာ ပိုက်ကျော်ခြင်းဗိုလ်လုပွဲ၌ မယ်ဆိုင်မြန်မာအသင်း နှင့် နေရာ(၂)အသင်း တို့ ယှဉ်ပြိုင်ကြရာ နေရာ(၂)အသင်းမှ ပထမဆု ရရှိသွားခဲ့သည်။ ဆက်လက်၍ ညနေပိုင်းမှာ ယှဉ်ပြိုင်သော ဘတ်စကတ်ဘောပြိုင်ပွဲ၌ တဟွာလူငယ်အသင်း နှင့် ရှုန်ဖုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ တဟွာလူငယ် အသင်းမှ ပထမဆုအား ဆွတ်ခူးသွားခဲ့သည်။


ဆုပေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ တက်ရောက်လာခဲ့ကြပြီး ပြိုင်ပွဲမှ ဆုရရှိသည့် ရပ်ကွက်/ကျေးရွာ အမျိုးသား ပိုက်ကျော်ခြင်းအသင်းများဖြစ်သည့် ပထမဆု ရရှိသူ နေရာ(၂)အသင်း၊ ဒုတိယဆုရရှိသူ မယ်ဆိုင်မြန်မာအသင်း နှင့် တတိယဆုရရှိသည့် တာလော့(က)အသင်းတို့အား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အကောက်ခွန် ဦးစီးမှူး ဦးကျော်နိုင် နှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း တို့က ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ကလပ်ပေါင်းစုံ  အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ၌ ပထမဆု ရရှိသည့် တာဟွာလူငယ်အသင်း နှင့် ဒုတိယဆုရရှိသည့် ရှုန်ဖုံးအသင်းတို့အား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းကျော်ဇံတို့မှ ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ရပ်ကွက်/ကျေးရွာ စုစုပေါင်း ၁၈ သင်းရှိပြီး ဘတ်စကတ်ဘောပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်သည့် အသင်းများမှာ စုစုပေါင်း ၆ သင်းရှိခဲ့ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
ပိုက်ကျော်ခြင်း နှင့် ဘတ်စကတ်ဘော ပြိုင်ပွဲတို့၏ ဆုပေးပွဲ
66 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>