Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နိုဝင်ဘာလအတွက် GSM ဖုန်းကဒ်ပေါင်း ၈၀၀ ချပေးသော်လည်း လျှောက်ထားသူများမှာ ၉၅၃၀ ဦးရှိ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၁၅၀၀ ကျပ်တန်၊ တန်ဖိုးနည်း ဖုန်းကဒ်များကို လစဉ် ၂၅ရက်နေ့ ၀န်းကျင်တိုင်း မဲဖောက်၍ အများပြည်သူများအား ရောင်းချပေးနေလျှက်ရှိရာ နိုင်ငံတော်မှ နိုဝင်ဘာလအတွက် တာချီလိတ်မြို့သို့  GSM ဖုန်းကဒ် (၈၀၀)အား ချထားပေးလာကြောင်း သိရသည်။


ထိုသို့ ချထားပေးလာမှုကို ယနေ့ နိုဝင်ဘာလ ၂၄ရက် မွန်းလွဲပိုင်းအချိန်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ဖုန်းကဒ်လျှောက်ထားကြသူများဖြင့် မဲနှိုက်ခဲ့ကြရာ ယခုလ၌ လျှောက်ထားကြသူများမှာ (၁၁၉၁)ဦးရှိပြီး ယခင်လများက မပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာရှင်ဦးရေ (၈၃၃၉)ဦးရှိရာ စုစုပေါင်း လျှောက်လွှာမှာ (၉၅၃၀) ရှိကြောင်း သိရသည်။

ဖုန်းကဒ်လျှောက်လွှာများကို လစဉ် (၁၀)ရက်နေ့မှ (၁၅)ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ လက်ခံခဲ့ပြီးနောက် ယခုလို လစဉ် (၂၄/၂၅)ရက်မှာ မဲနှိုက်ပေးတာဖြစ်ပြီး ပေါက်မဲ စာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများအပြင် တာချီလိတ်အွန်လိုင်းတွင် နိုဝင်ဘာလ (၂၅)ရက်နေ့၌ ဖော်ပြပေးသွားမှာဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>