Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထား၀ယ္၌ ရပ္ကြက္အလုိက္ အမႈိက္သိမ္းလုပ္ငန္း လုပ္ကုိင္ လုိသူမ်ားရွိပါက စည္ပင္၌ ေလ်ွာက္ထားႏုိင္

$
0
0


ထားဝယ္၊ ဇူလိုင္လ (၆) ရက္
တနသၤာရီတုိင္းေဒသႀကီး ထား၀ယ္ၿမဳိ႕တြင္ ရပ္ကြက္အလုိက္ အမႈိက္သိမ္းလုပ္ငန္း လုပ္ကုိင္လိုုသည့္ ပုဂၢလိက အမိႈက္သိမ္းလုပ္ငန္းမ်ားအား ထပ္မံခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ အခုေတာ့ ၿမဳိ႕ထဲက မိန္းလမ္းႀကီးေတြေပၚက အမႈိက္ေတြသိမ္းတဲ့အလုပ္ကုိ ေရႊလင္းယုန္အဖြဲ႔လုပ္ငန္းက လုပ္ေနတယ္။ ဇြန္လထဲမွာပဲ ဘုန္းေမာ္ရပ္ကြက္နဲ႔ က်က္စားျပင္ရပ္ကြက္က အမႈိက္ေတြကုိ သိမ္းဖုိ႔စည္ပင္ က ခြင့္ျပဳခ်က္ေပးခဲ့ၿပီၿပီ” ဟု ထားဝယ္ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန အမႈေဆာင္အရာရွိ ဦးေအာင္ေက်ာ္မ်ဳိးက ေျပာသည္။ 

လက္ရိွတြင္ ပုဂၢလိက အမႈိက္သိမ္းလုပ္ငန္းႏွစ္ခုကို ခြင့္ျပဳထားၿပီး ထပ္မံေလွ်ာက္ထားလိုသည့္ လုပ္ငန္းရွင္မ်ားအား ဖိတ္ေခၚေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမိႈက္သိမ္းလုပ္ငန္းအား ေလ်ွာက္ထားလုိသူမ်ား အေနျဖင့္ စည္ပင္က သတ္မွတ္ထားသည့္ ယာဥ္အစီးေရ၊ ၀န္ထမ္းအေရအတြက္ ျပည့္မီရန္ႏွင့္ စည္ပင္သာယာဦးစီးဌာနက သတ္မွတ္ေပးထားသည့္ အမႈိက္သိမ္းခႏႈန္းထားမ်ားအတိုင္းသာ ေကာက္ခံရမည္ျဖစ္ေၾကာင္း သိရသည္။

 “အမႈိက္ကေတာ့ ေလာေလာဆယ္ေတာ့ ႏွစ္မ်ဳိးခြဲထားတယ္။ မီးဖုိေခ်ာင္သုံးအမႈိက္နဲ႔ စီးပြားေရးလုပ္ငန္း အမႈိက္ေပါ့။ အမႈိက္သိမ္းခ်ိန္ကုိေတာ့ လက္ရွိမွာ တစ္ရပ္ကြက္ တစ္ရက္ အခ်ိန္ခြဲၿပီး အမႈိက္သိမ္းတဲ့ လုပ္ငန္းကုိ လုပ္ေဆာင္ေနတယ္” ဟု အမႈိက္သိမ္းလုပ္ငန္းလုပ္ကုိင္ေနသူတစ္ဦးက ေျပာသည္။ 

မီးဖုိေခ်ာင္ထြက္အမႈိက္မ်ားကုိ လစဥ္က်ပ္ (၂,၀၀၀-၂,၅၀၀)၊ စီးပြားေရးလုပ္ငန္းသုံးအမႈိက္မ်ားကို လစဥ္အနိမ့္ဆုံး က်ပ္(၃,၀၀၀)မွစ၍ ေကာက္ခံေၾကာင္း သိရသည္။

ၿမဳိ႕နယ္စည္ပင္အေနျဖင့္ ၿမိဳ႕တြင္းလမ္း(၆၅)လမ္းႏွင့္ ေဆးရံု၊ စာသင္ေက်ာင္း၊ ဝန္ထမ္းအိမ္ယာမ်ားတြင္ ေန႔စဥ္အမႈိက္သိမ္းျခင္းကို လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္
..............

ထားဝယ်၊ ဇူလိုင်လ (၆) ရက်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ရပ်ကွက်အလိုက် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်လိုသည့် ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းများအား ထပ်မံခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ အခုတော့ မြို့ထဲက မိန်းလမ်းကြီးတွေပေါ်က အမှိုက်တွေသိမ်းတဲ့အလုပ်ကို ရွှေလင်းယုန်အဖွဲ့လုပ်ငန်းက လုပ်နေတယ်။ ဇွန်လထဲမှာပဲ ဘုန်းမော်ရပ်ကွက်နဲ့ ကျက်စားပြင်ရပ်ကွက်က အမှိုက်တွေကို သိမ်းဖို့စည်ပင် က ခွင့်ပြုချက်ပေးခဲ့ပြီပြီ” ဟု ထားဝယ်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးက ပြောသည်။ 

လက်ရှိတွင် ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းနှစ်ခုကို ခွင့်ပြုထားပြီး ထပ်မံလျှောက်ထားလိုသည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှိုက်သိမ်းလုပ်ငန်းအား လျှောက်ထားလိုသူများ အနဖြေင့် စည်ပင်က သတ်မှတ်ထားသည့် ယာဉ်အစီးရေ၊ ဝန်ထမ်းအရေအတွက် ပြည့်မီရန်နှင့် စည်ပင်သာယာဦးစီးဌာနက သတ်မှတ်ပေးထားသည့် အမှိုက်သိမ်းခနှုန်းထားများအတိုင်းသာ ကောက်ခံရမည်ဖြစ်ကြောင်း သိရသည်။

 “အမှိုက်ကတော့ လောလောဆယ်တော့ နှစ်မျိုးခွဲထားတယ်။ မီးဖိုချောင်သုံးအမှိုက်နဲ့ စီးပွားရေးလုပ်ငန်း အမှိုက်ပေါ့။ အမှိုက်သိမ်းချိန်ကိုတော့ လက်ရှိမှာ တစ်ရပ်ကွက် တစ်ရက် အချိန်ခွဲပြီး အမှိုက်သိမ်းတဲ့ လုပ်ငန်းကို လုပ်ဆောင်နေတယ်” ဟု အမှိုက်သိမ်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ 

မီးဖိုချောင်ထွက်အမှိုက်များကို လစဉ်ကျပ် (၂,ဝဝဝ-၂,၅၀၀)၊ စီးပွားရေးလုပ်ငန်းသုံးအမှိုက်များကို လစဉ်အနိမ့်ဆုံး ကျပ်(၃,ဝဝဝ)မှစ၍ ကောက်ခံကြောင်း သိရသည်။

မြို့နယ်စည်ပင်အနဖြေင့် မြို့တွင်းလမ်း(၆၅)လမ်းနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ ဝန်ထမ်းအိမ်ယာများတွင် နေ့စဉ်အမှိုက်သိမ်းခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>