Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာလေ၌ ဆင်းဧကရီ (၃)စပါး မျိုးသန့်မျိုးပွား စံပြကွက် စိုက်ပျိုးခြင်း သရုပ်ပြ

$
0
0




တာလေ၊ ဇူလိုင်(၆)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ ဆင်းဧကရီ(၃)စပါး မျိုးသန့်မျိုးပွား စံပြကွက် သရုပ်ပြစိုက်ပျိုးခြင်းကို ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာနေ တောင်သူ ဦးလီဘော်၏ လယ်မြေ(၅)ဧကတွင် ပြည်သူ့အတွက် ပထမရက် (၁၀၀)လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုအဖြစ် ဒေသခံတောင်သူများမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို သိရှိလိုက်နာ ကျင့်သုံးတတ်စေရန်၊ မျိုးကောင်း၊ မျိုးသန့် စပါးများ စိုက်ပျိုးတတ်လာစေရန်နှင့် တောင်သူတစ်ဦးချင်း ၀င်ငွေတိုးတက်လာစေရန် ရည်ရွယ်၍ ဆင်းဧကရီ(၃) စပါး မျိုးသန့် မျိုးပွား စံပြကွက် သရုပ်ပြစိုက်ပျိုးခြင်းကို ပြုလုပ်တာ ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သရုပ်ပြစိုက်ပျိုးခြင်းတွင် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဌေး၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ တာလေမြို့ ဦးစီးမှူး ဦးလွှမ်းမိုးသူ၊ တာလေမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလှမိုးထွေးတို့မှ လက်တွေ့ သရုပ်ပြရာ ဒေသခံတောင်သူများမှ လက်တွေ့စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

.....................

တာလေ၊ ဇူလိုင်(၆)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလမြေို့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ ဆင်းဧကရီ(၃)စပါး မျိုးသန့်မျိုးပွား စံပြကွက် သရုပ်ပြစိုက်ပျိုးခြင်းကို ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာနေ တောင်သူ ဦးလီဘော်၏ လယ်မြေ(၅)ဧကတွင် ပြည်သူ့အတွက် ပထမရက် (၁၀၀)လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုအဖြစ် ဒေသခံတောင်သူများမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို သိရှိလိုက်နာ ကျင့်သုံးတတ်စေရန်၊ မျိုးကောင်း၊ မျိုးသန့် စပါးများ စိုက်ပျိုးတတ်လာစေရန်နှင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်၍ ဆင်းဧကရီ(၃) စပါး မျိုးသန့် မျိုးပွား စံပြကွက် သရုပ်ပြစိုက်ပျိုးခြင်းကို ပြုလုပ်တာ ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သရုပ်ပြစိုက်ပျိုးခြင်းတွင် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဌေး၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ တာလမြေို့ ဦးစီးမှူး ဦးလွှမ်းမိုးသူ၊ တာလမြေို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလှမိုးထွေးတို့မှ လက်တွေ့ သရုပ်ပြရာ ဒေသခံတောင်သူများမှ လက်တွေ့စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>