Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ၇.၇.၂၀၁၆ တွင် လျှပ်စစ်မီး တစ်နေကုန် ဖြတ်တောက်မည်

$
0
0

တာချီလိတ်၊ ဇူလိုင်(၅)

"မယ်ဆိုင်ဘက်မှာ လျှပ်စစ်မီး စမ်းသပ်စစ်ဆေးတာတွေပြုလုပ်မှာ ဖြစ်တဲ့အတွက် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ကနေ မိုင်းဖုန်း၊ မိုင်းကိုးကျေးရွာအုပ်စုအထိ လျှပ်စစ်မီး တစ်နေကုန် ပျက်မှာပါ၊ မြို့တွင်းပိုင်းကတော့ ပုန်းထွန်ရပ်ကွက် ကနေ ဆန်ဆိုင်း(ခ)ရပ်ကွက်အထိ ဗိုလ်ချုပ်လမ်းမတစ်ကြော၊ ဆေးရုံတို့၊ ရုံးတို့မှာပဲ အရန်ပေးထားတဲ့ လျှပ်စစ်မီးကို မျှပေးထားမှာ ဖြစ်တဲ့အတွက် ကိုယ်ပိုင် ထရန်စဖော်မာတွေကိုတော့ ခေတ္တဖြတ်ထားမှာဖြစ်ပြီး အများနည်းတူ ညနေမှ မီးပြန်ရမှာပါ"ဟု မြို့မီးလင်းရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဇူလိုင်လ(၇)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်မှ ဆန်ဆိုင်း(ခ)ရပ်ကွက်နှင့် သက်ဆိုင်သည့် မီးလင်းရေးရုံး(မကာဟိုခမ်း)မှ အဓိက နေရာများတွင်သာ အနည်းငယ်ရရှိထားသည့် လျှပ်စစ်မီးကို ခွဲဝေသုံးစွဲ သွားမှာဖြစ်ပြီး ဆန်ဆိုင်း(က)ရပ်ကွက်မှ မြို့အပြင်ထိ သက်ဆိုင်သော မြို့မီးလင်းရေးရုံးခွဲ(ပုံလို့)အနေဖြင့် နံနက်(၇)နာရီမှ ညနေ(၅)နာရီအချိန်ထိ လုံးဝ ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း သိရှိရသည်။
.................

တာချီလိတ်၊ ဇူလိုင်(၅)
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ ဓာတ်အားလိုင်း စမ်းသပ်စစ်ဆေးရန် ရှိသည့်အတွက် ၂၀၁၆ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ တွင် တာချီလိတ်၌ တစ်နေကုန် လျှပ်စစ်မီး ဖြတ်တောက်မှာ ဖြစ်ကြောင်း တာချီလိတ်မီးလင်းရေးရုံးမှ တဆင့် သိရသည်။

"မယ်ဆိုင်ဘက်မှာ လျှပ်စစ်မီး စမ်းသပ်စစ်ဆေးတာတွပြေုလုပ်မှာ ဖြစ်တဲ့အတွက် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ကနေ မိုင်းဖုန်း၊ မိုင်းကိုးကျေးရွာအုပ်စုအထိ လျှပ်စစ်မီး တစ်နေကုန် ပျက်မှာပါ၊ မြို့တွင်းပိုင်းကတော့ ပုန်းထွန်ရပ်ကွက် ကနေ ဆန်ဆိုင်း(ခ)ရပ်ကွက်အထိ ဗိုလ်ချုပ်လမ်းမတစ်ကြော၊ ဆေးရုံတို့၊ ရုံးတို့မှာပဲ အရန်ပေးထားတဲ့ လျှပ်စစ်မီးကို မျှပေးထားမှာ ဖြစ်တဲ့အတွက် ကိုယ်ပိုင် ထရန်စဖော်မာတွေကိုတော့ ခေတ္တဖြတ်ထားမှာဖြစ်ပြီး အများနည်းတူ ညနေမှ မီးပြန်ရမှာပါ"ဟု မြို့မီးလင်းရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲ၏ 115 KV ဓာတ်အားလိုင်း မှ 50MVA Power Transformer သို့ 22kv ဓာတ်အားလိုင်းအား သွယ်တန်း စမ်းသပ်စစ်ဆေးမှာ ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်ချိန်တွင် လျှပ်စစ်အန္တရာယ်များ ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ဇူလိုင်လ(၇)ရက်နေ့ နံနက်(၇)နာရီ ညနေ(၅)နာရီအချိန်ထိ ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၇)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်မှ ဆန်ဆိုင်း(ခ)ရပ်ကွက်နှင့် သက်ဆိုင်သည့် မီးလင်းရေးရုံး(မကာဟိုခမ်း)မှ အဓိက နေရာများတွင်သာ အနည်းငယ်ရရှိထားသည့် လျှပ်စစ်မီးကို ခွေဲဝသုံးစွဲ သွားမှာဖြစ်ပြီး ဆန်ဆိုင်း(က)ရပ်ကွက်မှ မြို့အပြင်ထိ သက်ဆိုင်သော မြို့မီးလင်းရေးရုံးခွဲ(ပုံလို့)အနဖြေင့် နံနက်(၇)နာရီမှ ညနေ(၅)နာရီအချိန်ထိ လုံးဝ ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>