Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ၿမိဳ႕ အထက(ဆန္ဆိုင္း)၌ ခ်ဳိ႕ယြင္းေနသည့္ စာသင္ခံုအတြက္ အလွဴရွင္တစ္ဦးမွ စာသင္ခံုမ်ား လွဴဒါန္း၊ ေက်ာင္းပတ္လမ္းခင္းရန္အတြက္ အကူအညီမ်ား ဆက္လက္လိုအပ္ေန

$
0
0
တာခ်ီလိတ္၊ ဇြန္လ(၂၇)
တာခ်ီလိတ္ၿမိဳ႕ေပၚရွိ အေျခခံပညာအထက္တန္းေက်ာင္းမ်ားအနက္ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)ရွိ မူလတန္းအဆင့္ စာသင္ခန္းအခ်ဳိ႕တြင္ စာသင္ခံုမ်ား ခ်ဳိ႕ယြင္းေနမႈအတြက္ ေစတနာရွင္ တစ္ဦးမွ စာသင္ခံုမ်ား လာေရာက္လွဴဒါန္းေၾကာင္း ႏွင့္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေအးေအးျမင့္ ဦးေဆာင္ကာ ဆရာ/မမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ားက ခ်ဳိ႕ယြင္းေနသည့္ ခံုမ်ားအား စိစစ္၍ လဲလွယ္ေပးေနေၾကာင္း သိရသည္။

အဆိုပါ အတန္းအတြက္ တာေလၿမိဳ႕ေန တာေလခင္ေမာင္လတ္ ကုမၸဏီမွ ဒါရိုက္တာ ဦးစိုင္းသန္႔ဇင္လတ္ မိသားစုက တန္ဖိုးေငြ က်ပ္(၃၃၀,၀၀၀)ရွိ စာသင္ခံု (၁၁)စံုကို ယေန႔ ဇြန္လ(၂၇)ရက္ေန႔ မြန္းလႊဲပိုင္းက လွဴဒါန္းလိုက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ့္ သားေလးလည္း ဒီေက်ာင္းမွာပဲ တက္ပါတယ္။ ေက်ာင္းအတြက္ လိုအပ္တာေတြကို တတ္ႏိုင္သမွ် ကူညီေပးဖို႔က ေက်ာင္းသားမိဘေတြရဲ႕ အလုပ္ပါ။ ကြ်န္ေတာ္ကိုယ္တိုင္လည္း ဒီေက်ာင္းရဲ႕ အက်ဳိးေတာ္ေဆာင္တစ္ဦးအျဖစ္ ပါ၀င္ထားတဲ့အတြက္ အခုလည္း တတ္ႏိုင္သေလာက္ လာေရာက္ လွဴဒါန္းတာပါ၊ ေနာက္ၿပီး ေက်ာင္းပတ္လမ္းခင္းဖို႔လည္း ေစတနာရွင္မ်ားရဲ႕ အကူအညီ လိုအပ္ေနပါေသးတယ္။ အခုေလာေလာဆယ္ (၅)ပံု (၁)ပဲ ၿပီးပါေသးတယ္"ဟု ဦးစိုင္းသန္႔ဇင္လတ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆန္ဆိုင္း(က)ရပ္ကြက္ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)တြင္ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္တြင္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၂၃၀၀)ေက်ာ္ ႏွင့္ ေက်ာင္းအုပ္ႀကီး အပါအ၀င္ သင္ၾကားမႈ ဆရာ၊ဆရာမ စုစုေပါင္း ( ၇၂)ဦး ရွိေၾကာင္း သိရွိရသည္။

......................

တာချီလိတ်၊ ဇွန်လ(၂၇)
တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများအနက် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)ရှိ မူလတန်းအဆင့် စာသင်ခန်းအချို့တွင် စာသင်ခုံများ ချို့ယွင်းနေမှုအတွက် စေတနာရှင် တစ်ဦးမှ စာသင်ခုံများ လာရောက်လှူဒါန်းကြောင်း နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့် ဦးဆောင်ကာ ဆရာ/မများ၊ ကျောင်းသား၊ကျောင်းသူများက ချို့ယွင်းနေသည့် ခုံများအား စိစစ်၍ လဲလှယ်ပေးနေကြောင်း သိရသည်။

အဆိုပါ အတန်းအတွက် တာလမြေို့နေ တာလေခင်မောင်လတ် ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုင်းသန့်ဇင်လတ် မိသားစုက တန်ဖိုးငွေ ကျပ်(၃၃၀,ဝဝဝ)ရှိ စာသင်ခုံ (၁၁)စုံကို ယနေ့ ဇွန်လ(၂၇)ရက်နေ့ မွန်းလွှဲပိုင်းက လှူဒါန်းလိုက်ကြောင်း သိရသည်။

"ကျွန်တော့် သားလေးလည်း ဒီကျောင်းမှာပဲ တက်ပါတယ်။ ကျောင်းအတွက် လိုအပ်တာတွေကို တတ်နိုင်သမျှ ကူညီပေးဖို့က ကျောင်းသားမိဘတွေရဲ့ အလုပ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီကျောင်းရဲ့ အကျိုးတော်ဆောင်တစ်ဦးအဖြစ် ပါဝင်ထားတဲ့အတွက် အခုလည်း တတ်နိုင်သလောက် လာရောက် လှူဒါန်းတာပါ၊ နောက်ပြီး ကျောင်းပတ်လမ်းခင်းဖို့လည်း စေတနာရှင်များရဲ့ အကူအညီ လိုအပ်နေပါသေးတယ်။ အခုလောလောဆယ် (၅)ပုံ (၁)ပဲ ပြီးပါသေးတယ်"ဟု ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃၀၀)ကျော် နှင့် ကျောင်းအုပ်ကြီး အပါအဝင် သင်ကြားမှု ဆရာ၊ဆရာမ စုစုပေါင်း ( ၇၂)ဦး ရှိကြောင်း သိရှိရသည်။








 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


ဦးမ်ဳိးရန္ေနာင္သိမ္း လြတ္ေျမာက္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


လုလုေအာင္ HD အသစ္


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>