Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဧည့္လမ္းညႊန္မ်ားအတြက္ ပထမဆံုးအႀကိမ္ ဓာတ္ပံုပညာသင္တန္းဖြင့္

$
0
0

မႏၱေလး၊ ဇြန္လ(၂၇)ရက္
မႏၱေလးၿမိဳ႕တြင္ ျမန္မာႏိုင္ငံဧည့္လမ္းညႊန္အသင္းမႏၱေလးဇံုမွ ႀကီးမွဴး၍ ဧည့္လမ္းညႊန္မ်ားအတြက္ အေျခခံဓာတ္ပံုပညာသင္တန္းကို ပထမဆံုးအႀကိမ္ ဖြင့္လွစ္သင္ၾကားေနေၾကာင္း သိရသည္။

“ႏိုင္ငံျခားဧည့္သည္ အလာနည္းတဲ့ရာသီေတြမွာ ဧည့္လမ္းညႊန္လုပ္ခ်င္တဲ့ မ်ိဳးဆက္သစ္လူငယ္ေတြကို ပညာဒါနအျဖစ္ သင္တန္းေတြ ဖြင့္ေပးေနတာပါ။ ဒီသင္တန္းက ဓာတ္ပံုဧည့္လမ္းညႊန္အျဖစ္ လုပ္ကိုင္လိုတဲ့ သူေတြနဲ႔ ရိုးရိုးဧည့္လမ္းညႊန္ ကေန ဓာတ္ပံုဧည့္လမ္းညႊန္ဘက္ကို ကူးေျပာင္းခ်င္တဲ့ သူေတြအတြက္ ရည္ရြယ္ၿပီး ဖြင့္တာျဖစ္ပါတယ္။”ဟု ျမန္မာႏိုင္ငံဧည့္လမ္းညႊန္အသင္းမွ သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံကိုညိဳက ဆိုသည္။

ဓာတ္ပံုပညာသင္တန္းကို ဇြန္၂၁ရက္ေန႔မွစတင္ၿပီး ႏွစ္ပတ္သင္ၾကားမည္ျဖစ္ၿပီး လက္ရွိတြင္ ဧည့္လမ္းညႊန္ (၁၅) ဦးအား အထက္ျမန္မာျပည္ဓာတ္ပံုဆရာအသင္းမွ အတြင္းေရးမွဴး ကိုစစ္ေသြးေက်ာ္က သင္ၾကားေပးေနေၾကာင္း သိရသည္။

“ဓာတ္ပံုဧည့္လမ္းညႊန္ လုပ္ခ်င္တဲ့သူေတြကေတာ့ အျခားသူေတြထက္ အပင္ပန္းခံႏိုင္ ရပါမယ္။ ဓာတ္ပံု၀ါသနာရွင္ေတြ အမ်ားစုက အုပ္စုလိုက္လာၾကတာမ်ားျပီးေတာ့ ရက္ရွည္ေနပါတယ္။ ေနရာအႏွံ႕လည္း သြားၿပီးေတာ့ အခ်ိန္မေတာ္ညသန္းေခါင္ အခ်ိန္အထိလည္း ဆက္တင္ေတြဆင္ျပီး ဓာတ္ပံုရိုက္ခ်င္လည္း ရိုက္တတ္ပါတယ္။ ဒါေပမဲ့ ေကာင္းတာတစ္ခုက ဓာတ္ပံုဧည့္လမ္းညႊန္ေတြက အျခားဧည့္လမ္းညႊန္ထက္ ႏွစ္ဆရပါတယ္။ “ဟုဓာတ္ပံုဧည့္လမ္းညႊန္တစ္ဦးက ဆိုသည္။

လက္ရွိ မႏၱေလးဧည့္လမ္းညႊန္အသင္းတြင္ ဓာတ္ပံုသင္တန္းအျပင္ အဂၤလိပ္၊ ထိုင္း၊ အီတလီ၊ ဂ်ပန္ႏွင့္ ျပင္သစ္ဘာသာ စကားသင္တန္းမ်ားလည္းဖြင့္လွစ္ေနေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္
.............

မန္တလေး၊ ဇွန်လ(၂၇)ရက်
မန္တလေးမြို့တွင် မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမန္တလေးဇုံမှ ကြီးမှူး၍ ဧည့်လမ်းညွှန်များအတွက် အခြေခံဓာတ်ပုံပညာသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

“နိုင်ငံခြားဧည့်သည် အလာနည်းတဲ့ရာသီတွေမှာ ဧည့်လမ်းညွှန်လုပ်ချင်တဲ့ မျိုးဆက်သစ်လူငယ်တွေကို ပညာဒါနအဖြစ် သင်တန်းတွေ ဖွင့်ပေးနေတာပါ။ ဒီသင်တန်းက ဓာတ်ပုံဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်လိုတဲ့ သူတွေနဲ့ ရိုးရိုးဧည့်လမ်းညွှန် ကနေ ဓာတ်ပုံဧည့်လမ်းညွှန်ဘက်ကို ကူးပြောင်းချင်တဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်တာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုညိုက ဆိုသည်။

ဓာတ်ပုံပညာသင်တန်းကို ဇွန်၂၁ရက်နေ့မှစတင်ပြီး နှစ်ပတ်သင်ကြားမည်ဖြစ်ပြီး လက်ရှိတွင် ဧည့်လမ်းညွှန် (၁၅) ဦးအား အထက်မြန်မာပြည်ဓာတ်ပုံဆရာအသင်းမှ အတွင်းရေးမှူး ကိုစစ်သွေးကျော်က သင်ကြားပေးနေကြောင်း သိရသည်။

“ဓာတ်ပုံဧည့်လမ်းညွှန် လုပ်ချင်တဲ့သူတွေကတော့ အခြားသူတွေထက် အပင်ပန်းခံနိုင် ရပါမယ်။ ဓာတ်ပုံဝါသနာရှင်တွေ အများစုက အုပ်စုလိုက်လာကြတာများပြီးတော့ ရက်ရှည်နေပါတယ်။ နေရာအနှံ့လည်း သွားပြီးတော့ အချိန်မတော်ညသန်းခေါင် အချိန်အထိလည်း ဆက်တင်တွေဆင်ပြီး ဓာတ်ပုံရိုက်ချင်လည်း ရိုက်တတ်ပါတယ်။ ဒါပေမဲ့ ကောင်းတာတစ်ခုက ဓာတ်ပုံဧည့်လမ်းညွှန်တွေက အခြားဧည့်လမ်းညွှန်ထက် နှစ်ဆရပါတယ်။ “ဟုဓာတ်ပုံဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

လက်ရှိ မန္တလေးဧည့်လမ်းညွှန်အသင်းတွင် ဓာတ်ပုံသင်တန်းအပြင် အင်္ဂလိပ်၊ ထိုင်း၊ အီတလီ၊ ဂျပန်နှင့် ပြင်သစ်ဘာသာ စကားသင်တန်းများလည်းဖွင့်လှစ်နေကြောင်း သိရသည်။

သတင်း။ ရွှေဇော်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဗိုလ္ေအာင္ဒင္ မူပိုင္ခြင့္ကိစၥ


တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၌ ဘိန္းျဖဴ ၃၅ဂရမ္ ဖမ္းဆည္းရမိ


"ၿမန္မာ့သမိုင္းတေကြ့မွ ပထမဆံုးေလေၾကာင္းတိုက္ပြဲ အပိုင္း(၂)"


ျပည္မင္းသား၏ သားေတာ္ ျပည္ထိပ္တင္တုတ္ အေၾကာင္း


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


TTA Oreo Gapp Installer


ျမစ္ဆံုကိစၥ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ (ရုပ္/သံ)


ဇီးပင္ႀကီးႏွင့္ ေဖာင္ႀကီးမွ ေလထန္ ေနဆဲ ဝါဒမႈိင္းစစ္ဆင္ေရးမ်ား


သီတဂူဆရာေတာ္ၾကီး၏ ေမြးေန႔ ပုိ႔စ္ ဖိတ္ေခၚ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>