Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အင္းေလးကန္ေရခန္းေျခာက္ျခင္းႏွင့္ ရာသီဥတုျပင္းထန္သျဖင့္ အင္းေလးခရမ္းခ်ဥ္အထြက္ႏႈန္းက်ဆင္း

$
0
0


အင္းေလး၊ ဇြန္လ(၉)ရက္
အင္းေလးကန္ေရခန္္းေျခာက္ျခင္း၊ ရာသီဥတုပူျပင္းျခင္းမ်ားေၾကာင့္ ေဒသတြင္းကၽြန္းေမ်ာစိုက္ခင္းမ်ား ပ်က္စီးသျဖင့္ ခရမ္းခ်ဥ္သီးအထြက္ႏွဳန္း က်ဆင္းလာေၾကာင္း အင္းေလး ခရမ္းခ်ဥ္သီးစိုက္ ေတာင္သူမ်ားထံမွ သိရသည္။

"ရာသီဥတုဒဏ္နဲ႔ ေရတိမ္လာတဲ့အတြက္ ခရမ္းခ်ဥ္သီးပင္ေတြလည္း သက္တမ္းတိုလာတယ္။ တစ္ခ်ိဳ႕ၿခံေတြဆို ဘာမွျပန္မရလို႔ ပစ္ထားလိုက္ရတဲ့ အေျခအေနေတာင္ရွိတယ္။ အရင္တုန္းက ပ်က္စီးရင္ တစ္ခင္း၊ ႏွစ္ခင္းေပါ့။ အဲဒီေလာက္ ပ်က္စီးတာ မျမင္ဖူးဘူး။ အခုက ေတာ္ေတာ္မ်ားမ်ားကို ပ်က္စီးတာ တစ္ဧကကို သိန္း(၂၀)ေက်ာ္ရွံဳးတယ္"ဟု ကၽြန္းေမ်ာစိုက္ေတာင္သူ ကို၀င္းႏိုင္က ေျပာသည္။


ေႏြရာသီေရမ်ား ခန္းေျခာက္ခဲ့သျဖင့္ ခရမ္းခ်ဥ္သီးပင္မ်ား ေရလံုေလာက္စြာမရရွိသည့္အတြက္ အပင္ သက္တမ္းတိုသြားၿပီး ခူးဆြတ္ရသည့္ အႀကိမ္အေရအတြက္ က်ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ကၽြန္ေမ်ာစိုက္ခင္း တစ္ဧကလွ်င္ က်ပ္သိန္း(၆၀)ေက်ာ္ကုန္က်ခဲ့တာျဖစ္ၿပီး ခရမ္းခ်ဥ္သီးခူးဆြတ္ၿပီးတဲ့ အခ်ိန္မွာေတာ့ က်ပ္သိန္း (၃၀)ေက်ာ္ခန္႔သာ ျပန္လည္ရရိွတာျဖစ္ေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ သိရသည္။

ပံုမွန္အားျဖင့္ တစ္ရာသီမွာ ခရမ္းခ်ဥ္သီးခူးဆြတ္ရသည့္ အႀကိမ္ေရ(၁၀)ႀကိမ္ေက်ာ္ေပမဲ့ ဒီႏွစ္မွာေတာ့ (၅)ႀကိမ္သာ ခူးဆြတ္ရေၾကာင္း သိရသည္။

အင္းေလးေဒသတြင္ ခရမ္းခ်ဥ္သီးကို အဓိကသီးႏွံအျဖစ္ စိုက္ပ်ိဳးၾကျခင္းျဖစ္ၿပီး စိုက္ဧကေပါင္း (၁)သိန္းေက်ာ္တြင္ ခရမ္းခ်ဥ္စိုက္ေတာင္သူ (၁)ေထာင္ေက်ာ္ လုပ္ကုိင္ေနၾကေၾကာင္း သိရသည္။

ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးကန္ေဒသအတြင္း ေက်းရြာေပါင္း(၂၀၀)ေက်ာ္ရွိၿပီး ၂၀၁၄ ခုႏွစ္ လူဦးေရႏွင့္ သန္းေခါင္စာရင္းအရ လူဦးေရ(၁၈၉,၄၀၇)ဦး ေနထိုင္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
.............

 ဇွန်လ(၉)ရက်
အင်းလေးကန်ရေခန်းခြောက်ခြင်း၊ ရာသီဥတုပူပြင်းခြင်းများကြောင့် ဒေသတွင်းကျွန်းမျောစိုက်ခင်းများ ပျက်စီးသဖြင့် ခရမ်းချဉ်သီးအထွက်နှုန်း ကျဆင်းလာကြောင်း အင်းလေး ခရမ်းချဉ်သီးစိုက် တောင်သူများထံမှ သိရသည်။

"ရာသီဥတုဒဏ်နဲ့ ရေတိမ်လာတဲ့အတွက် ခရမ်းချဉ်သီးပင်တွေလည်း သက်တမ်းတိုလာတယ်။ တစ်ချို့ခြံတွေဆို ဘာမှပြန်မရလို့ ပစ်ထားလိုက်ရတဲ့ အခြေအနေတောင်ရှိတယ်။ အရင်တုန်းက ပျက်စီးရင် တစ်ခင်း၊ နှစ်ခင်းပေါ့။ အဲဒီလောက် ပျက်စီးတာ မမြင်ဖူးဘူး။ အခုက တော်တော်များများကို ပျက်စီးတာ တစ်ဧကကို သိန်း(၂၀)ကျော်ရှုံးတယ်"ဟု ကျွန်းမျောစိုက်တောင်သူ ကိုဝင်းနိုင်က ပြောသည်။


နွေရာသီရေများ ခန်းခြောက်ခဲ့သဖြင့် ခရမ်းချဉ်သီးပင်များ ရေလုံလောက်စွာမရရှိသည့်အတွက် အပင် သက်တမ်းတိုသွားပြီး ခူးဆွတ်ရသည့် အကြိမ်အရေအတွက် ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်မျောစိုက်ခင်း တစ်ဧကလျှင် ကျပ်သိန်း(၆၀)ကျော်ကုန်ကျခဲ့တာဖြစ်ပြီး ခရမ်းချဉ်သီးခူးဆွတ်ပြီးတဲ့ အချိန်မှာတော့ ကျပ်သိန်း (၃၀)ကျော်ခန့်သာ ပြန်လည်ရရှိတာဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ပုံမှန်အားဖြင့် တစ်ရာသီမှာ ခရမ်းချဉ်သီးခူးဆွတ်ရသည့် အကြိမ်ရေ(၁၀)ကြိမ်ကျော်ပေမဲ့ ဒီနှစ်မှာတော့ (၅)ကြိမ်သာ ခူးဆွတ်ရကြောင်း သိရသည်။

အင်းလေးဒေသတွင် ခရမ်းချဉ်သီးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးကြခြင်းဖြစ်ပြီး စိုက်ဧကပေါင်း (၁)သိန်းကျော်တွင် ခရမ်းချဉ်စိုက်တောင်သူ (၁)ထောင်ကျော် လုပ်ကိုင်နကြေကြောင်း သိရသည်။

ညောင်ရွှမြေို့နယ် အင်းလေးကန်ဒေသအတွင်း ကျေးရွာပေါင်း(၂၀၀)ကျော်ရှိပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းအရ လူဦးရေ(၁၈၉,၄၀၇)ဦး နေထိုင်ကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>