Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွမ္းျပည္နယ္အတြင္း ေဆးရံု၊ ေဆးေပးခန္းမ်ား ဝန္ေဆာင္မႈ ပိုေကာင္းရန္ ေဆာင္ရြက္ေနဟု ျပည္နယ္၀န္ႀကီးဆို

$
0
0

တာခ်ီလိတ္၊ ဇြန္လ(၉)ရက္
ရွမ္းျပည္နယ္အတြင္း ေဆးရံုေဆးခန္းမ်ားတြင္ လူနာ(၃)မ်ိဳးအား အခမဲ့ကုသေနၿပီး က်န္းမာေရး၀န္ေဆာင္မႈ ပိုမိုေကာင္းမြန္လာရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွသိရသည္။

"ကၽြန္ေတာ္တို႔ ေဆးရံုေတြက က်န္းမာေရး၀န္ေဆာင္မႈ ေတာ္ေတာ္ေကာင္းမြန္လာပါတယ္။ ဒါကို ျပည္သူလူထုေတြလည္း သိေစခ်င္တယ္။ အဓိက ကၽြန္ေတာ္တို႔ အခမဲ့ေပးေနတာ အေရးေပၚလူနာ၊ ျပင္ပလူနာ၊ အတြင္းလူနာဆိုၿပီး (၃)မ်ိဳးခြဲထားပါတယ္။ အတြင္းလူနာမွာေတာ့ (၅)မ်ိဳးေလာက္ကို အခမဲ့ေပးတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္၊ ျပည္နယ္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ေဆးရံုမ်ားတြင္ အေရးေပၚလူနာမ်ားအား အေရးေပၚ ေဆး၀ါးမ်ား အခမဲ့ေပးျခင္းျဖစ္ၿပီး ျပင္ပလူနာမ်ားအား ေဆး၀ါး(၃)ရက္စာ၊ (၅)ရက္စာ အခမဲ့ေပးျခင္း၊ အတြင္းလူနာမ်ားအနက္ ဆင္းရဲႏြမ္းပါးေသာလူနာမ်ားအား ေဆးရံုႀကီးၾကပ္မႈေကာ္မတီ၏ ေထာက္ခံခ်က္ျဖင့္လည္းေကာင္း၊ ႏိုင္ငံ့၀န္ထမ္း၊ သာသနာေရးဆိုင္ရာပုဂိၢဳလ္၊ အက်ဥ္းသား၊ (၅)ႏွစ္ေအာက္ကေလးငယ္မ်ားအားလည္းေကာင္း အခမဲ့ ေဆး၀ါးေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ေနေၾကာင္း ၎ထံမွ သိရသည္။

"ေဆးရံုေတြရဲ႕ ၀န္ေဆာင္မႈကေတာ့ အေတာ္ေကာင္းလာတယ္။ အရင္ကနဲ႔တျခားဆီ။ ကၽြန္ေတာ္တို႔ ျပည္သူေတြ အဓိကလိုခ်င္တာ လူနာအေပၚ သိမ္သိမ္ေမြ႕ေမြ႕ ေျပာဆိုဆက္ဆံတတ္တဲ့ လူေတြကို လိုခ်င္တာ။ ေဆးေတြ အခမဲ့ေပးလာတယ္ဆိုတာလည္း ဟုတ္ပါတယ္။ မေန႔က ေခ်ာင္းဆိုးေသြးပါလို႔ ေဆးရံုသြားျပတာ အရင္လို ဆူေငါက္ေနတာ မဟုတ္ေတာ့ဘူး။ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတာမ်ိဳးေတြေတြ႕ရတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မွ ဦးခင္ေမာင္သိန္းက ေျပာသည္။

ေဆးရံုမွ အခမဲ့ေပးေသာစနစ္အား ေဆး၀ါးအားလံုး ရာႏွဳန္းျပည့္ ၀န္ေဆာင္မႈမေပးႏိုင္ေသာ္လည္း အမ်ားအားျဖင့္ ေပးႏိုင္ရန္ စီစဥ္ထားေၾကာင္း အခမဲ့စနစ္အား ၂၀၁၂ - ၂၀၁၃ ခုႏွစ္ ဘ႑ာေရးႏွစ္ကတည္းက စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မေဆးရံုတက္ေနတာ(၃)ရက္ရွိၿပီ။ တကယ္ေကာင္းပါတယ္။ အရင္ကနဲ႔မတူဘူး ေဆးဖိုးေတြဆိုရင္ တခ်ိဳ႕တစ္၀က္ပဲ ကိုယ့္ဟာကိုယ္၀ယ္ရတယ္။ အရင္က ကိုယ္တိုင္ၾကံဳခဲ့တာ ေဆးဖိုးပိုက္ဆံမေပးလို႔ ေဆးလာမထိုးေပးတဲ့အျဖစ္ေတြ ရွိခဲ့ဖူးတယ္။ အခုေတာ့ အဲလိုမ်ိဳးမၾကံဳရေတာ့ပါဘူး။ ေဆးရံုမွာ တကယ္မရွိတဲ့ ေဆးေတြကိုဘဲ အျပင္မွာ၀ယ္ခိုင္းတာ"ဟု ေဆးရံုတက္ေရာက္ေနသူ အမ်ိဳးသမီးတစ္ဦးမွ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေဆးရံုေပါင္း(၁၅၈)ရံုရွိၿပီး ကုတင္(၅၀၀)ေဆးရံု(၂)ရံုပါ၀င္ကာ ကုတင္(၁၀၀)ေဆးရံုမွာ ၿမိဳ႕ႀကီးမ်ားတြင္ဖြင့္လွစ္ထားရွိေၾကာင္း ရွမ္းျပည္နယ္အစိုးရမွ သိရသည္။

သတင္း။  ။ ကိုဇက္

................

တာချီလိတ်၊ ဇြန်(၉)ရက်
ရှမ်းပြည်နယ်အတွင်း ဆေးရုံဆေးခန်းများတွင် လူနာ(၃)မျိုးအား အခမဲ့ကုသနပြေီး ကျန်းမာရေးဝန်ဆောင်မှု ပိုမိုကောင်းမွန်လာရန် ဆောင်ရွက်လျှက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

"ကျွန်တော်တို့ ဆေးရုံတွေက ကျန်းမာရေးဝန်ဆောင်မှု တော်တော်ကောင်းမွန်လာပါတယ်။ ဒါကို ပြည်သူလူထုတွေလည်း သိစေချင်တယ်။ အဓိက ကျွန်တော်တို့ အခမဲ့ပေးနေတာ အရေးပေါ်လူနာ၊ ပြင်ပလူနာ၊ အတွင်းလူနာဆိုပြီး (၃)မျိုးခွဲထားပါတယ်။ အတွင်းလူနာမှာတော့ (၅)မျိုးလောက်ကို အခမဲ့ပေးတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ဆေးရုံများတွင် အရေးပေါ်လူနာများအား အရေးပေါ် ဆေးဝါးများ အခမဲ့ပေးခြင်းဖြစ်ပြီး ပြင်ပလူနာများအား ဆေးဝါး(၃)ရက်စာ၊ (၅)ရက်စာ အခမဲ့ပေးခြင်း၊ အတွင်းလူနာများအနက် ဆင်းရဲနွမ်းပါးသောလူနာများအား ဆေးရုံကြီးကြပ်မှုကော်မတီ၏ ထောက်ခံချက်ဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း၊ သာသနာရေးဆိုင်ရာပုဂိ္ဂုလ်၊ အကျဉ်းသား၊ (၅)နှစ်အောက်ကလေးငယ်များအားလည်းကောင်း အခမဲ့ ဆေးဝါးစောင့်ရှောက်မှုများ ပြုလုပ်နေကြောင်း၎င်းထံမှ သိရသည်။

"ဆေးရုံတွေရဲ့ ဝန်ဆောင်မှုကတော့ အတော်ကောင်းလာတယ်။ အရင်ကနဲ့တခြားဆီ။ ကျွန်တော်တို့ ပြည်သူတွေ အဓိကလိုချင်တာ လူနာအပေါ် သိမ်သိမ်မွေ့မွေ့ ပြောဆိုဆက်ဆံတတ်တဲ့ လူတွေကို လိုချင်တာ။ ဆေးတွေ အခမဲ့ပေးလာတယ်ဆိုတာလည်း ဟုတ်ပါတယ်။ မနေ့က ချောင်းဆိုးသွေးပါလို့ ဆေးရုံသွားပြတာ အရင်လို ဆူငေါက်နေတာ မဟုတ်တော့ဘူး။ ကောင်းကောင်းမွန်မွန် ဆက်ဆံတာမျိုးတွေတွေ့ရတယ်"ဟု တာချီလိတ်မြို့မှ ဦးခင်မောင်သိန်းက ပြောသည်။

ဆေးရုံမှ အခမဲ့ပေးသောစနစ်အား ဆေးဝါးအားလုံး ရာနှုန်းပြည့် ဝန်ဆောင်မှုမပေးနိုင်သော်လည်း အများအားဖြင့် ပေးနိုင်ရန် စီစဉ်ထားကြောင်း အခမဲ့စနစ်အား ၂၀၁၂ - ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မဆေးရုံတက်နေတာ(၃)ရက်ရှိပြီ။ တကယ်ကောင်းပါတယ်။ အရင်ကနဲ့မတူဘူး ဆေးဖိုးတွေဆိုရင် တချို့တစ်ဝက်ပဲ ကိုယ့်ဟာကိုယ်ဝယ်ရတယ်။ အရင်က ကိုယ်တိုင်ကြုံခဲ့တာ ဆေးဖိုးပိုက်ဆံမပေးလို့ ဆေးလာမထိုးပေးတဲ့အဖြစ်တွေ ရှိခဲ့ဖူးတယ်။ အခုတော့ အဲလိုမျိုးမကြုံရတော့ပါဘူး။ ဆေးရုံမှာ တကယ်မရှိတဲ့ ဆေးတွေကိုဘဲ အပြင်မှာဝယ်ခိုင်းတာ"ဟု ဆေးရုံတက်ရောက်နေသူ အမျိုးသမီးတစ်ဦးမှ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဆေးရုံပေါင်း(၁၅၈)ရုံရှိပြီး ကုတင်(၅၀၀)ဆေးရုံ(၂)ရုံပါဝင်ကာ ကုတင်(၁၀၀)ဆေးရုံမှာ မြို့ကြီးများတွင်ဖွင့်လှစ်ထားရှိကြောင်း ရှမ်းပြည်နယ်အစိုးရမှ သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>