Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345
သင်္ကြန်ကာလ ကတည်းက ငြိမ်နေသည့် ကျိုင်းတုံဆိုင်ကယ်ဈေးကွက် ဆက်လက်ငြိမ်နေဆဲ
$
0
0
ကျိုင်းတုံ၊ ဇွန်လ (၈)ရက်
ကျိုင်းတုံမြို့၏ ဆိုင်ကယ်ရောင်းအား ကျဆင်းမှုမှာ အရောင်းပြခန်းများတွင် သာမက ဆိုင်ကယ်ဝယ်ရောင်းလုပ်သည့် ဈေးကွက်တွင်ပါ အရောင်းအဝယ်အေးနေခြင်းကြောင်း သိရသည်။
ဆိုင်ကယ်ရောင်းချရမှု ကျဆင်းလာသည်မှာ တစ်လခွဲခန့် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိဈေးကွက် အခြေအနေမှာ ဒေသတွင်း တောင်သူများ စပါးထွက်မည့်အချိန်ကို စောင့်နေရကြောင်း သိရသည်။
လက်ရှိ ကျိုင်းတုံဆိုင်ကယ်ဈေးကွက်ရှိ ဈေးနှုန်းများမှာ HONDA ဆိုင်ကယ် အရောင်းပြခန်းတွင် HONDA Click (2016)ဆိုင်ကယ်ကို လိုင်စင်အပြီးအစီး ကျပ် (၂၁၄၅၀၀၀)ဖြင့်လည်းကောင်း၊Honda Wave(100) ဆိုင်ကယ်ကို လိုင်စင်အပြီးအစီး ကျပ် (၁၀၉၀၀၀၀) ဖြင့် လည်းကောင်း ရောင်းချပေးနေပြီး ယခင် ရောင်းအားကောင်းသည့် ကာလများတွင် HONDA Wave(100)ကို လူကြိုက်များကြောင်း သိရှိရသည်။
သတင်း။ ။ ‪#‎ဇွဲမြတ်‬
.....................
ကျိုင်းတုံ၊ ဇွန်လ (၈)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သင်္ကြန်ကာလနောက်ပိုင်းမှစတင်ကာ ရောင်းအားကျဆင်းနေသည့် ဆိုင်ကယ်ဈေးကွက်မှာ ကျောင်းဖွင့်ရာသီရောက်သည်အထိုပြန်တက်လာခြင်းမရှိသေးကြောင်း သိရပါတယ်။
"အခုလက်ရှိ ကျိုင်းတုံမှာ သင်္ကြန်ပြီးတဲ့နောက်ပိုင်း ဆိုင်ကယ်ရောင်းအားက အရမ်းကျလာတယ်။ ဘာလို့လဲ ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ သင်္ကြန်မတိုင်ခင်တုန်းကဆို တစ်ရက်ကို ပျမ်းမျှ (၆)စီး၊ (၇)စီးရောင်းရတယ်။ အခုဆိုရင် တစ်ရက် နှစ်ရက်နေမှ (၁)စီးလောက်ပဲ ရောင်းရတယ်။ တစ်ခါတလေလည်း လုံးဝကိုမရောင်းရပါဘူး။"လို့ ကျိုင်းတုံမြို့ HONDA ဆိုင်ကယ်အရောင်းပြခန်းမှ ကိုသန်းနိုင်က ပြောပါတယ်။
ကျိုင်းတုံမြို့၏ ဆိုင်ကယ်ရောင်းအား ကျဆင်းမှုမှာ အရောင်းပြခန်းများတွင် သာမက ဆိုင်ကယ်ဝယ်ရောင်းလုပ်သည့် ဈေးကွက်တွင်ပါ အရောင်းအဝယ်အေးနခြေင်းကြောင်း သိရသည်။
"ဆိုင်ကယ် အရောင်းအဝယ်က အရမ်းပါးတယ်။ ဒီလိုဖြစ်နေတာလည်း ကြာနပြေီ။ တစ်ရက် (၁)စီးတောင် ပုံမှန် မရောင်းနိုင်ဘူး။ တချို့ ပွဲစားတွေဆို နားပြီးတော့တခြားလုပ်ငန်းတွေ ပြောင်းလုပ်ကုန်ပြီ။"လို့ ဆိုင်ကယ်ပွဲစားတစ်ဦးက ပြောသည်။
ဆိုင်ကယ်ရောင်းချရမှု ကျဆင်းလာသည်မှာ တစ်လခွဲခန့် ကြာမြင့်နပြေီဖြစ်ပြီး လက်ရှိဈေးကွက် အခြေအနေမှာ ဒေသတွင်း တောင်သူများ စပါးထွက်မည့်အချိန်ကို စောင့်နေရကြောင်း သိရသည်။
လက်ရှိ ကျိုင်းတုံဆိုင်ကယ်ဈေးကွက်ရှိ ဈေးနှုန်းများမှာ HONDA ဆိုင်ကယ် အရောင်းပြခန်းတွင် HONDA Click (2016)ဆိုင်ကယ်ကို လိုင်စင်အပြီးအစီး ကျပ် (၂၁၄၅၀၀၀)ဖြင့်လည်းကောင်း၊Honda Wave(100) ဆိုင်ကယ်ကို လိုင်စင်အပြီးအစီး ကျပ် (၁၀၉၀၀၀၀) ဖြင့် လည်းကောင်း ရောင်းချပေးနပြေီး ယခင် ရောင်းအားကောင်းသည့် ကာလများတွင် HONDA Wave(100)ကို လူကြိုက်များကြောင်း သိရှိရသည်။
သတင်း။ ‪#‎ဇွဲမြတ်‬
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
Viewing all articles
Trending Articles
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>