Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မေကြးၿမိဳ႕နယ္အတြင္း ျမန္မာ႔လယ္ယာစိုက္ပ်ိဳးေရးဘဏ္မွ က်ပ္သိန္းေပါင္း (၂၀,၀၀၀)ေက်ာ္ ထုတ္ေခ်းမည္

$
0
0

မေကြး၊ ဇြန္လ (၈) ရက္
ယခုႏွစ္ မိုးသီးႏွံအတြက္ မေကြးၿမိဳ႕နယ္အတြင္းရိွ  ေက်းရြာအုပ္စု (၅၇)အုပ္စုသို႔ ဘဏ္ေခ်းေငြ က်ပ္သိန္းေပါင္း(၂၂,၉၁၀)ထုတ္ေခ်းေပးရန္ လ်ာထားေၾကာင္း ၿမိဳ႕နယ္ျမန္မာ့လယ္ယာစိုက္ပ်ိဳးေရးဘဏ္မွ သိရိွရပါသည္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားအား ေတာင္သူမ်ား စိုက္ပ်ိဳးခ်ိန္အမီ ရရိွႏိုင္ရန္အတြက္ ေမ လ (၁၈)ရက္ ေန႔မွစတင္၍ ထုတ္ေခ်းေပးလွ်က္ရိွရာ စပါး(၁)ဧကလွ်င္ က်ပ္(၁၅၀,၀၀၀)ႏွဳန္းျဖင္႔လည္းေကာင္း၊ အျခားသီးႏွံ(၁)ဧကလွ်င္ က်ပ္(၂၀,၀၀၀)ႏွဳန္းျဖင္႔လည္းေကာင္း ထုတ္ေခ်းေနျခင္းျဖစ္သည္။

“ၿပီးခဲ႔တဲ႔ ေမ လ၂၄ရက္ေန႔အထိ ေခ်းေငြေပါင္း က်ပ္ သိန္း(၇၀၀)ေက်ာ္ထုတ္ေခ်းေပးၿပီးပါၿပီ။ က်န္ရိွ ေနတဲ႔ ေက်းရြာအုပ္စုေတြက ေတာင္သူေတြကို ဆက္လက္ထုတ္ေခ်းေပးႏိုင္ဖို႔အတြက္ ေဆာင္ရြက္ေနပါ တယ္”ဟု မေကြးၿမိဳ႕နယ္ ျမန္မာ႔လယ္ယာစိုက္ပ်ိဳးေရးဘဏ္ မန္ေနဂ်ာက ေျပာသည္။

မေကြးၿမိဳ႕နယ္အတြင္းရိွ  ေက်းရြာအုပ္စု(၄)အုပ္စု၊ အစုအဖဲြ႔(၁၉၃)ဖဲြ႔၊ အဖဲြ႔ဝင္ဦးေရ(၅၇၂)ဦးသို႔  ေမ လ (၂၄) ရက္အထိ အျခားသီးႏွံစိုက္ပ်ိဳးဧကေပါင္း(၃၅၆၃  ဧက)အတြက္ ေခ်းေငြေပါင္း က်ပ္(၇၁၂.၆၀) သိန္း ထုတ္ေခ်းေပးၿပီးျဖစ္ေၾကာင္းသိရသည္။

“စိုက္ပ်ိဳးစရိတ္ေခ်းေငြကို စိုက္ခ်ိန္အမီ ထုတ္ေခ်းေပးႏိုင္ဖို႔ ေဆာင္ရြက္ေနတဲ႔အေပၚမွာႀကိဳဆိုပါတယ္။ ႏို႔မို႔ရင္ ပစၥည္းရိွတဲ႔သူကလည္း ရိွတာေလးေပါင္ႏွံလို႔၊  ပစၥည္းမရိွတဲ႔သူေတြက်ေတာ႔လည္း အတိုးႀကီးေပးၿပီး ေခ်းရတယ္။ တခ်ိဳ႕က်ေတာ႔လည္း သီးႏွံႀကိဳေပးနဲ႔ ေစ်းႏွိမ္ခံၿပီးစိုက္ၾကပ်ိဳးၾကရေတာ႔ ကိုယ့္အတြက္ က်န္တယ္လို႔မရိွဘူးဗ်”ဟု  သေျပစမ္းေက်းရြာမွ ႏွမ္းစိုက္ေတာင္သူ  ဦးေအာင္က ေျပာသည္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြထုတ္ေပးရာတြင္  စပါးႏွင္႔ အျခားသီးႏွံ ေခ်းေငြပမာဏ မတူညီသျဖင့္ ေတာင္သူမ်ားအတြက္ အခက္အခဲရိွေနေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)

....................
မကွေး၊ ဇွန်လ (၈) ရက်
ယခုနှစ် မိုးသီးနှံအတွက် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၇)အုပ်စုသို့ ဘဏ်ချေးငွေ ကျပ်သိန်းပေါင်း(၂၂,၉၁၀)ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ သိရှိရပါသည်။

စိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူများ စိုက်ပျိုးချိန်အမီ ရရှိနိုင်ရန်အတွက် မေ လ (၁၈)ရက် နေ့မှစတင်၍ ထုတ်ချေးပေးလျှက်ရှိရာ စပါး(၁)ဧကလျှင် ကျပ်(၁၅၀,ဝဝဝ)နှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံ(၁)ဧကလျှင် ကျပ်(၂၀,ဝဝဝ)နှုန်းဖြင့်လည်းကောင်း ထုတ်ချေးနခြေင်းဖြစ်သည်။

“ပြီးခဲ့တဲ့ မေ လ၂၄ရက်နေ့အထိ ချေးငွေပေါင်း ကျပ် သိန်း(၇၀၀)ကျော်ထုတ်ချေးပေးပြီးပါပြီ။ ကျန်ရှိ နေတဲ့ ကျေးရွာအုပ်စုတွေက တောင်သူတွေကို ဆက်လက်ထုတ်ချေးပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါ တယ်”ဟု မကွေးမြို့နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် မန်နေဂျာက ပြောသည်။

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ အစုအဖွဲ့(၁၉၃)ဖွဲ့၊ အဖွဲ့ဝင်ဦးရေ(၅၇၂)ဦးသို့ မေ လ (၂၄) ရက်အထိ အခြားသီးနှံစိုက်ပျိုးဧကပေါင်း(၃၅၆၃ ဧက)အတွက် ချေးငွေပေါင်း ကျပ်(၇၁၂.၆၀) သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်းသိရသည်။

“စိုက်ပျိုးစရိတ်ချေးငွေကို စိုက်ချိန်အမီ ထုတ်ချေးပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့အပေါ်မှာကြိုဆိုပါတယ်။ နို့မို့ရင် ပစ္စည်းရှိတဲ့သူကလည်း ရှိတာလေးပေါင်နှံလို့၊ ပစ္စည်းမရှိတဲ့သူတွေကျတော့လည်း အတိုးကြီးပေးပြီး ချေးရတယ်။ တချို့ကျတော့လည်း သီးနှံကြိုပေးနဲ့ ဈေးနှိမ်ခံပြီးစိုက်ကြပျိုးကြရတော့ ကိုယ့်အတွက် ကျန်တယ်လို့မရှိဘူးဗျ”ဟု သပြေစမ်းကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးအောင်က ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် စပါးနှင့် အခြားသီးနှံ ချေးငွေပမာဏ မတူညီသဖြင့် တောင်သူများအတွက် အခက်အခဲရှိနေကြောင်း သိရသည်။

သတင်း။ ဖီးနစ်(မကွေး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တစ္ေမာင္း တစ္ေမာင္း တို ့တစ္ေမာင္းသည္


ဦးမ်ဳိးရန္ေနာင္သိမ္း လြတ္ေျမာက္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


လုလုေအာင္ HD အသစ္


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


လူ႕ဘဝ၏ အနွစ္သာရ တန္ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>