Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျပ်သိန်းပေါင်း (၅၄၀၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

$
0
0

တာချီလိတ်၊ မေ လ(၂၈) ရက်
ရွှေတြိဂံဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း (၅၄၀၀)ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူများကို မေ လ (၂၈)ရက်အကူး (၀၁း၁၅)နာရီအချိန်ဝန်းကျင်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှာ တပ်ဖွဲ့ဝင်များ၊ တပ်နယ်မှ အရာရှိဦးစီးအဖွဲ့ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ စသည့် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးသိမ်းဆည်းရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။




..............

တာချီလိတ်၊ မေ လ(၂၈) ရက်
ရွှတြေိဂံဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း (၅၄၀၀)ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူများကို မေ လ (၂၈)ရက်အကူး (ဝ၁း၁၅)နာရီအချိန်ဝန်းကျင်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှာ တပ်ဖွဲ့ဝင်များ၊ တပ်နယ်မှ အရာရှိဦးစီးအဖွဲ့ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ စသည့် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးသိမ်းဆည်းရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဝှေလေလန်ကျေးရွာမှ လွန်းကျိုင်းကျေးရွာသို့ စိုင်းဖတ်အွန်နွန်း(ခ)အိုက်ပီး မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာမှ မော်တော်ယာဉ်နောက်ဖုံးအတွင်း၌ ဘိန်းဖြူဘလောက်တုံး စုစုပေါင်း(၉၇)တုံးကို တွေ့ရှိရာ စုစုပေါင်းအလေးချိန်မှာ (၃၃.၉၅)ကီလိုဂရမ်ခန့်ရှိပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၅,၄၃၂)သိန်းခန့်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဖတ်အွန်နွန်း(ခ)အိုက်ပီး၏ ဝန်ခံထွက်ဆိုချက်အရ ဆက်စပ်တရားခံဖြစ်သူ စိုင်းငင်း(ခ)ဖိုးစီ၏နေအိမ်အား တစ်ဆက်တည်းဝင်ရောက်ရှာဖွေရာ တရားခံမှာ တိမ်းရှောင်လျှက်ရှိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဖတ်အွန်နွန်း(ခ)အိုက်ပီး (၃၅)နှစ်နှင့် စိုင်းငင်း(ခ)ဖိုးစီ(၃၀)နှစ်တို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၈/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။






 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>