Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ပ္ (၂၄၆)သိန္းေက်ာ္ တန္ဖိုးရွိ ပိုင္ရွင္မဲ့ မူးယစ္ေဆးဝါးမ်ားအား က်ဳိင္းတံု၌ သိမ္းဆည္းရမိ

$
0
0



က်ဳိင္းတံု၊ ေမလ (၂၈) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ဳိင္းတံုၿမိဳ႕တြင္ ေမလ (၂၇) ရက္ နံနက္ပိုင္းက စိတ္ႂကြ႐ူးသြပ္ေဆးျပား မူးယစ္ေဆးဝါး (၉၈၇၀) ျပားအား ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့ေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ သတင္းရရိွသည္။

"မူးယစ္ေဆးဝါးသယ္ယူလာတဲ့သူကေတာ့ ကိုယ္လြတ္ထြက္ေျပးသြားခဲ့ပါတယ္။ "ဟု က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ တာဝန္က်ရဲတစ္ဦးက ေျပာသည္။

က်ဳိင္းတံုၿမိဳ့ရိွ ေဆာက္ပ်က္လမ္းဆံုထိပ္အနီး ဆိုင္တစ္ဆိုင္၏ေဘးတြင္ ေမလ(၂၇)ရက္ နံနက္ပိုင္းက အဝါေရာင္တိတ္ျဖင့္ ပတ္ထားသည့္ မသကၤာဖြယ္ အထုပ္တစ္ထုပ္အား ေတြ႕ရိွေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး၏ အေၾကာင္းၾကားခ်က္အရ ခ႐ိုင္ရဲမႈခင္းအကူတပ္ဖြဲ႕ဝင္မ်ားႏွင့္ က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ မူးယစ္ေဆးဝါးမ်ား ျဖစ္ေနေၾကာင္း သိရိွျခင္းျဖစ္သည္ဟု သိရသည္။

အထုပ္အတြင္း ဖေယာင္းစကၠဴတြင္ ပလတ္စတစ္အၾကည္ေရာင္တိတ္ျဖင့္ ပတ္ထားသည့္အထုပ္ (၅) ထုပ္အတြင္းမွ အျပာေရာင္ ပလပ္စတစ္ကပ္ခြာငယ္ (၅၀) အတြင္းမွ WY စာတမ္းပါ ပန္းေရာင္စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၉၇၇၀) ျပားႏွင့္ အစိမ္းေရာင္ (၁၀၀) ျပား၊ စုစုေပါင္း ေဆးျပား (၉၈၇၀) ျပားရွိရာ ခန္႔မွန္းကာလတန္ဖိုးေငြမွာ က်ပ္သိန္းေပါင္း(၂၄၆) သိန္းေက်ာ္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိမႈႏွင့္ ပတ္သက္၍  က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ေမလ (၂၇) ရက္မွာပင္ မယ (ပ) ၆၀ /၂၀၁၆၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ဳိးဆိုင္ရာ ဥပေဒပုဒ္မ ၁၉ (က) ျဖင့္ အမႈဖြင့္လွစ္ထားၿပီး တရားခံအား အျမန္ဆံုးဖမ္းဆီးရမိႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

...................

ကျိုင်းတုံ၊ မေလ (၂၈) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် မေလ (၂၇) ရက် နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား မူးယစ်ဆေးဝါး (၉၈၇၀) ပြားအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

"မူးယစ်ဆေးဝါးသယ်ယူလာတဲ့သူကတော့ ကိုယ်လွတ်ထွက်ပြေးသွားခဲ့ပါတယ်။ "ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့ရှိ ဆောက်ပျက်လမ်းဆုံထိပ်အနီး ဆိုင်တစ်ဆိုင်၏ဘေးတွင် မေလ(၂၇)ရက် နံနက်ပိုင်းက အဝါရောင်တိတ်ဖြင့် ပတ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိကြောင်း အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ ခရိုင်ရဲမှုခင်းအကူတပ်ဖွဲ့ဝင်များနှင့် ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများ ဖြစ်နေကြောင်း သိရှိခြင်းဖြစ်သည်ဟု သိရသည်။

အထုပ်အတွင်း ဖယောင်းစက္ကူတွင် ပလတ်စတစ်အကြည်ရောင်တိတ်ဖြင့် ပတ်ထားသည့်အထုပ် (၅) ထုပ်အတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာငယ် (၅၀) အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၉၇၇၀) ပြားနှင့် အစိမ်းရောင် (၁၀၀) ပြား၊ စုစုပေါင်း ဆေးပြား (၉၈၇၀) ပြားရှိရာ ခန့်မှန်းကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း(၂၄၆) သိန်းကျော်အား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ မေလ (၂၇) ရက်မှာပင် မယ (ပ) ၆၀ /၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးမျိုးဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>