Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

က်ိဳင္းတံု၌ ဆန္ကြဲႏွင့္ဖြဲကုန္ၾကမ္းမ်ား ရွားလာသည့္အတြက္ ေမြးျမဴေရးသမားမ်ားအတြက္ အခက္ေတြ႕

$
0
0

က်ိဳင္းတံု၊ ေမလ (၂၀) ရက္
ရွမ္းျပည္နယ္အေရွ ႔ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ ဆန္ကြဲနွင့္ ဖြဲကုန္ၾကမ္းမ်ား ရွားလာသည့္အတြက္ ဆန္စက္မ်ားႏွင္႔ ေမြးျမဴေရးသမားမ်ား အခက္ေတြ႔လွ်က္ရိွေၾကာင္း ဆန္စက္ပိုင္ရွင္မ်ားထံမွ သိရသည္။

"အခုက က်ိဳင္းတံုၿမိဳ႕ေပၚက စပါးေတြကို မုိင္းေယာင္း၊ မိုင္းယုဘက္က ကုန္သည္ေတြက အလုံးလိုက္ အရင္းလုိက္ လာဝယ္သြားတဲ႔အတြက္ က်ိဳင္းတံုမွာ စပါးေတြက ရွားလာတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ဆန္စက္ပိုင္ရွင္ေတြက ပုံမွန္လုပ္ငန္း မလည္ပတ္နိုင္ေတာ႔ဘူး။ ကၽြန္ေတာ္တို႔ ဆန္စက္သမားေတြ လုပ္ငန္း မလည္ပတ္ႏိုင္တဲ႔အတြက္ ေမြးျမဴ ေရးသမားေတြအတြက္ ဖြဲတို႔ ဆန္ကြဲတို႔ ရွားလာပါတယ္"ဟု ဆန္စက္ပိုင္ရွင္ တစ္ဦးျဖစ္သူ ဦးမုန္းကိုက ေျပာသည္။

ဆန္စက္မ်ားတြင္ စပါးလာေရာက္ ႀကိတ္သူနည္းလာသည့္အတြက္ ဖြဲနွင့္ဆန္ကြဲတို႔မွာလည္း ေစ်းတက္လာသည့္အျပင္ ေမြးျမဴေရးသမားမ်ား လိုအပ္သေလာက္ မေရာင္းနိုင္ေၾကာင္း သိရသည္။
ယခင္က ဆန္ကြဲ တစ္အိတ္လွ်င္ (၁၁,၀၀၀)က်ပ္ဝန္းက်င္သာရိွေသာ္လည္း ဖြဲ (၇)ကီလို တစ္ပုံးလွ်င္ (၂,၅၀၀)က်ပ္နွင္႔ ဆန္ကြဲ (၄၅)ကီလို တစ္အိတ္လွ်င္ (၁၈,၀၀၀)က်ပ္အထိ ေစ်းႏႈန္းမ်ားျမင္႔တက္ေနေၾကာင္း သိရသည္။

"အခုက ဖြဲေစ်း၊ ဆန္ကြဲေစ်းေတြက တက္လာေတာ႔ နည္းနည္းခက္တာေပါ႔ဗ်ာ။ အရင္နွစ္တုန္းကဆို ဖြဲတစ္ပုံးမွ (၁,၀၀၀)ပဲ။ ဒီေလာက္ ေစ်းမရိွဘူး။ ၿပီးရင္ တခါတေလ ပစၥည္းျပတ္တာေတြနဲ႔လည္း ၾကံဳရပါတယ္"ဟု ဝက္ေမြးျမဴသူတစ္ဦးက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ဆန္စက္ေပါင္း (၃၀)ခန္႔ရိွသည့္အနက္ ပုံမွန္လုပ္ငန္းလည္ပတ္ေနေသာ ဆန္စက္မွာ (၆)ခုသာရိွၿပီး က်န္ဆန္စက္မ်ားမွာ လုပ္ငန္းလည္ပတ္နိုင္ျခင္းမရိွဘဲ ပိတ္သိမ္းထားရေၾကာင္းသိရသည္။

သတင္း ။ ။ ဇြဲျမတ္

.............................

ကျိုင်းတုံ၊ မေလ (၂၀) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆန်ကွဲနှင့် ဖွဲကုန်ကြမ်းများ ရှားလာသည့်အတွက် ဆန်စက်များနှင့် မွေးမြူရေးသမားများ အခက်တွေ့လျှက်ရှိကြောင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။

"အခုက ကျိုင်းတုံမြို့ပေါ်က စပါးတွေကို မိုင်းယောင်း၊ မိုင်းယုဘက်က ကုန်သည်တွေက အလုံးလိုက် အရင်းလိုက် လာဝယ်သွားတဲ့အတွက် ကျိုင်းတုံမှာ စပါးတွေက ရှားလာတယ်။ အဲဒီတော့ ကျွန်တော်တို့ ဆန်စက်ပိုင်ရှင်တွေက ပုံမှန်လုပ်ငန်း မလည်ပတ်နိုင်တော့ဘူး။ ကျွန်တော်တို့ ဆန်စက်သမားတွေ လုပ်ငန်း မလည်ပတ်နိုင်တဲ့အတွက် မွေးမြူ ရေးသမားတွေအတွက် ဖွဲတို့ ဆန်ကွဲတို့ ရှားလာပါတယ်"ဟု ဆန်စက်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမုန်းကိုက ပြောသည်။

ဆန်စက်များတွင် စပါးလာရောက် ကြိတ်သူနည်းလာသည့်အတွက် ဖွဲနှင့်ဆန်ကွဲတို့မှာလည်း ဈေးတက်လာသည့်အပြင် မွေးမြူရေးသမားများ လိုအပ်သလောက် မရောင်းနိုင်ကြောင်း သိရသည်။
ယခင်က ဆန်ကွဲ တစ်အိတ်လျှင် (၁၁,ဝဝဝ)ကျပ်ဝန်းကျင်သာရှိသော်လည်း ဖွဲ (၇)ကီလို တစ်ပုံးလျှင် (၂,၅၀၀)ကျပ်နှင့် ဆန်ကွဲ (၄၅)ကီလို တစ်အိတ်လျှင် (၁၈,ဝဝဝ)ကျပ်အထိ ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

"အခုက ဖွဲဈေး၊ ဆန်ကွဲဈေးတွေက တက်လာတော့ နည်းနည်းခက်တာပေါ့ဗျာ။ အရင်နှစ်တုန်းကဆို ဖွဲတစ်ပုံးမှ (၁,ဝဝဝ)ပဲ။ ဒီလောက် ဈေးမရှိဘူး။ ပြီးရင် တခါတလေ ပစ္စည်းပြတ်တာတွေနဲ့လည်း ကြုံရပါတယ်"ဟု ဝက်မွေးမြူသူတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် ဆန်စက်ပေါင်း (၃၀)ခန့်ရှိသည့်အနက် ပုံမှန်လုပ်ငန်းလည်ပတ်နေသော ဆန်စက်မှာ (၆)ခုသာရှိပြီး ကျန်ဆန်စက်များမှာ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲ ပိတ်သိမ်းထားရကြောင်းသိရသည်။

သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>