Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အမႈိက္ပံုေပၚမွ ပိုင္ရွင္မဲ့ မူးယစ္ေဆး၀ါးမ်ားကို သိမ္းဆည္းရမိ

$
0
0

တာခ်ီလိတ္၊ ေမလ(၁၉)
တာခ်ီလိတ္ၿမိဳ႕၊ ၀မ္လံုးေက်းရြာ ဓမၼသုခေတာရေက်ာင္းအနီးအမွိဳက္ပံု၌ က်ပ္သိန္း(၂၀)ခန္႔တန္ဖိုးရွိသည့္ ပိုင္ရွင္မဲ့မူးယစ္ေဆး၀ါးမ်ားကို  ေမလ(၁၉)ရက္ေန႔တြင္ သိမ္းဆည္းရမိခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"အမွိဳက္ပံုနား ေတာင္ေစာင္းလွ်ိဳထဲကို မူးယစ္ေဆး၀ါးလို႔ ယူဆရတဲ့ အမွိဳက္ထုတ္ကို ကားတစ္စီးက လာၿပီး လႊင့္ပစ္သြားတယ္ဆိုၿပီး၊ သတင္းေပးလို႔ သြားၿပီး စစ္ေဆးၾကည့္တာ စိတ္ၾကြေဆးျပားေတြျဖစ္ေနတယ္၊  အေၾကေတြေရာ၊ အခဲ၊ အမွဳန္႔ေတြေရာပါတာ ဒါကို ရွာေဖြပံုစံနဲ႔သိမ္းၿပီး တရားခံေတြကို စံုစမ္းေနပါတယ္"ဟု နယ္ထိန္းတပ္ဖြဲ႕၀င္တစ္ဦးက ေျပာသည္။

အမွိဳက္ပံုအနီးလွ်ိဳအတြင္းမွ သိမ္းဆည္းရမိေသာ မူးယစ္ေဆး၀ါးမ်ားမွာ အျပာႏုေရာင္ ပလပ္စတစ္ ကပ္ခြါအိတ္(၁)အိတ္လွ်င္ ေရစိုပံုပ်က္ေနေသာ စိတ္ၾကြေဆးျပား အညိဳေရာင္ႏွင့္ အျဖဴေရာင္ အေၾက၊ အခဲ၊ အမွဳန္႔မ်ားျဖစ္ေၾကာင္း ႏွင့္ အေလးခ်ိန္(၂၀)ဂရမ္စီပါ၀င္သည့္ အိတ္ငယ္(၅၀)အိတ္ျဖင့္ စုစုေပါင္း(၁)ကီလို ဂရမ္ရွိၿပီး ေဒသတန္ဖိုး က်ပ္သိန္း(၂၀)ခန္႔ရွိေၾကာင္း တာခ်ီလိတ္နယ္ထိန္းအဖြဲ႕မွ သိရသည္။

ပိုင္ရွင္မဲ့ မူးယစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၃/၂၀၁၆၊ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ား ဆိုင္ရာျပစ္မႈပုဒ္မ ၁၉(က)အျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

..................

တာချီလိတ်၊ မေလ(၁၉)
တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာ ဓမ္မသုခတောရကျောင်းအနီးအမှိုက်ပုံ၌ ကျပ်သိန်း(၂၀)ခန့်တန်ဖိုးရှိသည့် ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများကို မေလ(၁၉)ရက်နေ့တွင် သိမ်းဆည်းရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"အမှိုက်ပုံနား တောင်စောင်းလျှိုထဲကို မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အမှိုက်ထုတ်ကို ကားတစ်စီးက လာပြီး လွှင့်ပစ်သွားတယ်ဆိုပြီး၊ သတင်းပေးလို့ သွားပြီး စစ်ဆေးကြည့်တာ စိတ်ကြွဆေးပြားတွဖြေစ်နေတယ်၊ အကြေတွေရော၊ အခဲ၊ အမှုန့်တွေရောပါတာ ဒါကို ရှာဖွေပုံစံနဲ့သိမ်းပြီး တရားခံတွေကို စုံစမ်းနေပါတယ်"ဟု နယ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမှိုက်ပုံအနီးလျှိုအတွင်းမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ အပြာနုရောင် ပလပ်စတစ် ကပ်ခွာအိတ်(၁)အိတ်လျှင် ရေစိုပုံပျက်နေသော စိတ်ကြွဆေးပြား အညိုရောင်နှင့် အဖြူရောင် အကြေ၊ အခဲ၊ အမှုန့်များဖြစ်ကြောင်း နှင့် အလေးချိန်(၂၀)ဂရမ်စီပါဝင်သည့် အိတ်ငယ်(၅၀)အိတ်ဖြင့် စုစုပေါင်း(၁)ကီလို ဂရမ်ရှိပြီး ဒေသတန်ဖိုး ကျပ်သိန်း(၂၀)ခန့်ရှိကြောင်း တာချီလိတ်နယ်ထိန်းအဖွဲ့မှ သိရသည်။

ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာပြစ်မှုပုဒ်မ ၁၉(က)အဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>