Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345
ရှမ်းပြည်(အရှေ့ပိုင်း) မီးသတ်တပ်ဖွဲ့မှ ရက်(၁၀၀)စီမံချက်အဖြစ် လုပ်ငန်းစဉ်(၆)ခု ချမှတ်ကာ လုပ်ဆောင်
$
0
0
ကျိုင်းတုံ၊ မေလ(၁၂)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အနေဖြင့် ရက်(၁၀၀)စီိမံချက်အဖြစ် လုပ်ငန်းစဉ်(၆)ရပ် ချမှတ်ကာ လုပ်ဆောင်လျှက်ရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွဲဖက်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြည်သူများအနေဖြင့် မီးလောင်မှုများကြုံတွေ့လာပါက မီးသတ်ပစ္စည်းကိရိယာများ ပါဝင်ခြင်းမရှိဘဲ မိမိပတ်ဝန်းကျင်ရှိ ပစ္စည်းများဖြင့်မီးငြှိမ်းသတ်နိုင်သည့် အသိပညာများနှင့် နည်းစနစ်များ ရရှိလာအောင် အသိပညာပေးခြင်းများကိုလည်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သတင်း။ ။ ဇွဲမြတ်
.............
ကျိုင်းတုံ၊ မေလ(၁၂)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အနဖြေင့် ရက်(၁၀၀)စိီမံချက်အဖြစ် လုပ်ငန်းစဉ်(၆)ရပ် ချမှတ်ကာ လုပ်ဆောင်လျှက်ရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွဲဖက်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
"ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့အနေနဲ့ အရင်ရှိပြီးသား ရည်မှန်းချက်တာဝန် (၄)ရပ်အပြင် ရက်(၁၀၀)စီမံချက်ကို ဒီနှစ် ဧပြီ လ ကစတင်ပြီးတော့ ရက်(၁၀၀)အတွင်း လျာထားရည်မှန်းချက်များအတိုင်း ပြည့်မှီစွာ ဆောင်ရွက်ရမည်ဆိုပြီး စာထုတ်ပြီးတော့ ညွှန်ကြားထားတာနဲ့အညီ ဆောင်ရွက်နကြေပါပြီ။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်မီးသတ်ဦးစီးမှူး ရဲသူရိန်သိန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ် တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး လုပ်ငန်းများ အပြင် ရက်(၁၀၀) စီမံချက်လုပ်ငန်းစဉ်များဖြစ်သည့် တစ်အိမ်တက်/တစ်အိမ်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ စက်ရုံအလုပ်ရုံများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခြင်း စသည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ အနေနဲ့ ရည်မှန်းချက်တာဝန်များအတိုင်း လုပ်ဆောင်ရတာရှိသလို ရည်မှန်းချက်တာဝန် ထက်ပိုပြီးတော့ လုပ်ဆောင်ရတာတွေလည်းရှိပါတယ်။ ဒါကြောင့် ရက်(၁၀၀)စီမံချက်အတွင်းမှာ အခုနပြောခဲ့တဲ့ အချက်တွေအပြင် သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းနဲ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ အယ်နီညို ကျရောက်နေတဲ့ အတွက် ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးကိုလည်း ဆောင်ရွက်သွားကြမှာပါ။"ဟု တွဲဖက်ပြည်နယ်မီးသတ်ဦးစီးမှူး ရဲသူရိန်သိန်းမြင့်က ပြောသည်။
ပြည်သူများအနဖြေင့် မီးလောင်မှုများကြုံတွေ့လာပါက မီးသတ်ပစ္စည်းကိရိယာများ ပါဝင်ခြင်းမရှိဘဲ မိမိပတ်ဝန်းကျင်ရှိ ပစ္စည်းများဖြင့်မီးငြှိမ်းသတ်နိုင်သည့် အသိပညာများနှင့် နည်းစနစ်များ ရရှိလာအောင် အသိပညာပေးခြင်းများကိုလည်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~
Viewing all articles
Trending Articles
ဂျူးပင် စိုက်ပျိုးနည်း
ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ
Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...
ရဟန်းနှင့် ဘွဲ့ဒီဂရီ
တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...
အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း
ဆားပုလင်းနှင်းမောင်၏ နိဂုံး
ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ
သာကူ⁠ပြင် ⁠ပြုလုပ်နည်း
၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>