Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လက္နက္ကိုင္ တိုင္းရင္းသားအဖြဲ႔အားလံုး ပါဝင္ႏုိင္ေရး (၂၁) ရာစု ပင္လံုညီလာခံအႀကိဳေဆြးေႏြးပြဲက်င္းပရန္ SNLD တိုက္တြန္း

$
0
0


တာခ်ီလိတ္၊ ေမလ (၁၂) ရက္
တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္ (Nationwide Cease Fire Accord- NCA) လက္မွတ္ေရးထိုး ထားျခင္းမရိွသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔မ်ားအားလံုး ၂၁ ရာစု ပင္လုံညီလာခံတြင္ ပါဝင္ႏုိင္ေရးအတြက္ ႀကိဳတင္ေဆြးေႏြးပြဲမ်ား ျပဳလုပ္သင့္သည္ဟု ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD )မွ တိုက္တြန္းလိုက္သည္။

 “ပထမဆုံးလုပ္ရမွာက တစ္ႏိုင္ငံလုံးႏွင့္ဆိုင္တဲ့ အပစ္အခတ္ရပ္စဲေရး တနည္းအားျဖင့္ တစ္ျပည္လုံး အတိုင္းအတာနဲ႔ ျငိမ္းခ်မ္းေရးေဖာ္ေဆာင္ရမွာပါ။ ၿပီးေတာ့ NCA လက္မွတ္ထိုးထားတဲ့ သူေရာ မထိုးထားတဲ့သူေရာ  ေနာက္ၿပီး  NCA လက္မွတ္ထိုးစရာမလိုဘူးေျပာတဲ့ “၀” လို၊ မိုင္းလားတို႔အဖြဲ႕ အဲဒီအဖြဲ႕အစည္း အကုန္လုံး ေရာ  အစုံပါႏိုင္ေအာင္ သူ႔အေနနဲ႔ ၾကိဳတင္ေဆြးေႏြးပြဲျပဳလုပ္သင့္တယ္လို႔ ျမင္တယ္။”ဟု ၎ SNLD ပါတီမွ ေျပာေရးဆိုခြင့္ရိွသူ ဦးစိုင္းလိတ္က ေျပာသည္။

ညီလာခံ မတိုင္မီက်င္းပသည့္ အဆိုပါႀကိဳတင္ေဆြးေႏြးပြဲမွရလာသည့္ အေျခအေနေပၚမူတည္ၿပီး (၂၁)ရာစု ပင္လုံညီလာခံက်င္းပမည့္ပုံစံ၊ က်င္းပသင့္သည့္အခ်ိန္ႏွင့္ ပါဝင္သင့္သည့္လူဦးေရတို႔ကို ခ်င့္ခ်ိန္ႏိုင္မည္ျဖစ္သည္ဟု ၎ကအႀကံျပဳသည္။

၂၁ ရာစု ပင္လုံညီလာခံကို ႏွစ္လအတြင္း က်င္းပသြားရန္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဧၿပီ လ ၂၇ ရက္တြင္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-U)အစည္းအေဝးတြင္ ေကာ္မတီအဖြဲ႕ဝင္မ်ားကို ေျပာၾကားထားျခင္းျဖစ္သည္။

သတင္း။  ။ ေဇာင္းညီ
..............

တာချီလိတ်၊ မေလ (၁၂) ရက်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Cease Fire Accord- NCA) လက်မှတ်ရေးထိုး ထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက် ကြိုတင်ဆွေးနွေးပွဲများ ပြုလုပ်သင့်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD )မှ တိုက်တွန်းလိုက်သည်။

 “ပထမဆုံးလုပ်ရမှာက တစ်နိုင်ငံလုံးနှင့်ဆိုင်တဲ့ အပစ်အခတ်ရပ်စဲရေး တနည်းအားဖြင့် တစ်ပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရမှာပါ။ ပြီးတော့ NCA လက်မှတ်ထိုးထားတဲ့ သူရော မထိုးထားတဲ့သူရော နောက်ပြီး NCA လက်မှတ်ထိုးစရာမလိုဘူးပြောတဲ့ “ဝ” လို၊ မိုင်းလားတို့အဖွဲ့ အဲဒီအဖွဲ့အစည်း အကုန်လုံး ရော အစုံပါနိုင်အောင် သူ့အနေနဲ့ ကြိုတင်ဆွေးနွေးပွဲပြုလုပ်သင့်တယ်လို့ မြင်တယ်။”ဟု၎င်း SNLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

ညီလာခံ မတိုင်မီကျင်းပသည့် အဆိုပါကြိုတင်ဆွေးနွေးပွဲမှရလာသည့် အခြေအနေပေါ်မူတည်ပြီး (၂၁)ရာစု ပင်လုံညီလာခံကျင်းပမည့်ပုံစံ၊ ကျင်းပသင့်သည့်အချိန်နှင့် ပါဝင်သင့်သည့်လူဦးရေတို့ကို ချင့်ချိန်နိုင်မည်ဖြစ်သည်ဟု၎င်းကအကြံပြုသည်။

၂၁ ရာစု ပင်လုံညီလာခံကို နှစ်လအတွင်း ကျင်းပသွားရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ လ ၂၇ ရက်တွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များကို ပြောကြားထားခြင်းဖြစ်သည်။

သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


ေဒၚနယ္ထရန္႔ အိမ္ေတာ္ (သို႔မဟုတ္) အိမ္ျဖဴေတာ္ရဲ႕ ထူးျခားခ်က္မ်ား


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးေဖာင္ေဒးရွင္းမွ အသင္းသားစံုညီ ႏွင့္...


အေလာင္းမင္းတရားမွ ဟံသာ၀တီပဲခူးကို သိမ္းပုိက္ႏုိင္ျခင္း


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>